The network connection is lost.

Banner Image

နာပိုလီအသင်းထံပြောင်းရွှေ့ခဲ့ပြီဖြစ်တဲ့ မန်စီးတီးဂန္ထဝင်

မန်စီးတီးဂန္ထဝင်ကွင်းလယ်လူ ဒီဘရိုင်းတစ်ယောက် နာပိုလီအသင်းထံပြောင်းရွှေ့ခဲ့ပြီဖြစ်ကာ ဥရောပမြေမှာ ဆက်လက်ကစားနိုင်တော့မှာဖြစ်ပါတယ်။ ဒီဘရိုင်းကိုယ်တိုင်က ထိပ်တန်းအဆင့်မှာကစားနိုင်သေးတယ်လို့ ယုံကြည်နေဆဲဖြစ်ကာ သတင်းထောက် ဆာချာက နာပိုလီနဲ့ ဒီဘရိုင်းတို့ သဘောတူညီမှုရရှိခဲ့ပြီလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

ဘယ်လ်ဂျီယံစတားဟာ စီးတီးအသင်းဘက်က စာချုပ်သက်တမ်းမတိုးတော့တာကြောင့် အလွတ်နဲ့ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။ ဒီဘရိုင်းကို ချီကာဂိုဖိုင်းယားအသင်းက ကမ်းလှမ်းခဲ့သေးတာဖြစ်ပါတယ်။ ဧပြီလတုန်းက ဒီဘရိုင်းတစ်ယောက် စီးတီးဘက်က စာချုပ်သက်တမ်းမတိုးခဲ့တာနဲ့ပတ်သက်ပြီး စိတ်ပျက်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

“အရိုးသားဆုံးပြောရရင် ကျွန်တော်ထိပ်တန်းအဆင့်စွမ်းဆောင်ရည်မျိုးပြသနိုင်ပါသေးတယ်။ ဒါပေမယ့် အသင်းတွေဘက်က ဆုံးဖြတ်ချက်တွေကို ကျွန်တော်နားလည်ပါတယ်။ ယေဘုယျအားဖြင့် ကျွန်တော်အနည်းငယ်တော့ အံ့အားသင့်ခဲ့ပေမယ့် အဲ့တာကို လက်ခံရမှာပါ”လို့ ဒီဘရိုင်းက ဖြေကြားခဲ့ပါတယ်။

ဒီဘရိုင်းအနေနဲ့ နာပိုလီမှာ ယူနိုက်တက်ကွင်းလယ်လူဟောင်း တိုမီနေးနဲ့တွဲဖက်ကစားရမှာဖြစ်ပါတယ်။ တိုမီနေးဟာ ရာသီပိတ်နောက်ဆုံးပွဲမှာ နောက်ပြန်ကန်ချက်နဲ့အတူ ကက်ဂလီယာရီကိုအနိုင်ယူကာ နာပိုလီအသင်းကို စီးရီးအေချန်ပီယံဖြစ်စေခဲ့တာဖြစ်ပါတယ်။ ဒီဘရိုင်းတစ်ယောက် လာမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ဘယ်လ်ဂျီယံအသင်းလူစာရင်းမှာ ပါဝင်နေပြီး မြောက်မက်ဆီဒိုးနီးယား ၊ ဝေးလ်အသင်းတွေနဲ့ ကန်ရမှာဖြစ်ကာ အဲ့နောက် နာပိုလီနဲ့ပူးပေါင်းမှာဖြစ်ပါတယ်။