The network connection is lost.

Banner Image

နော်တင်ဟမ်ဖောရက်စ်ပရိသတ်တွေရဲ့ ဒါဝင်နူနက်ဇ်အပေါ် လှောင်ပြောင်မှုကို တုံ့ပြန်လိုက်တဲ့ ယာဂန်ကလော့ပ်

ယမန်နေ့ညပိုင်း၊ နော်တင်ဟမ်ဖောရက်စ်ကို အဝေးကွင်းမှာ ကျဉ်းမြောင်းတဲ့ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ပြိုင်ဘက်ပရိသတ်တွေအနေဖြင့် အသင်းတိုက်စစ်မှူးဒါဝင်နူနက်ဇ်ကို ပစ်မှတ်ထားအော်ဟစ်ကြရန် လီဗာပူးနည်းပြယာဂန်ကလော့ပ်က တိုက်တွန်းလိုက်ပါတယ်။

စီးတီးဂရောင်းမှာရင်ဆိုင်ရတဲ့ပွဲစဉ်အတွင်း ဂိုးမရှိသရေရလဒ်ဖြင့် ပွဲပြီးဆုံးတော့မယ်လို့ ထင်မြင်နေချိန်မှာပဲ ဒါဝင်နူနက်ဇ်က မက်အယ်လစ္စတာရဲ့ပေးပို့မှုကို ခေါင်းတိုက်သွင်းယူပြီး ယာဂန်ကလော့ပ်ရဲ့အသင်းအတွက် အဖိုးတန်အဝေးကွင်းနိုင်ပွဲကို ရှာဖွေပေးခဲ့ပါတယ်။ အခုပွဲစဉ်မှာ အဲ့ဒီသွင်းဂိုးနဲ့ပဲ အိမ်ရှင်တွေကို ကြိုးကြာနီတွေက ဝ-၁ ဂိုးဆိုတဲ့ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ လီဗာပူးက အမှတ်ပေးချန်ပီယံဆုပြေးလမ်းပေါ်ရှိ အနီးဆုံးပြိုင်ဘက်မန်စီးတီးကို တစ်ပွဲပိုကစား၊ လေးမှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ပြတ်ပြတ်သားသားဦးဆောင်လိုက်ပါတယ်။ မန်စီးတီးက ဒီနေ့ညပိုင်း၊ အယ်တီဟတ်ကွင်းမှာ မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာဒါဘီကို ယှဉ်ပြိုင်ကစားရပါမယ်။နော်တင်ဟမ်ဖောရက်စ်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်ရဲ့ ဒုတိယပိုင်းပွဲချိန်အတွင်း လူစားဝင်လာတဲ့ တိုက်စစ်မှူးဒါဝင်နူနက်ဇ်ကို ပြိုင်ဘက်ပရိသတ်တွေက “မင်းဟာ အန်ဒီကာရိုးလ်လက်သစ်ပဲ”လို့ အော်ဟစ်လှောင်ပြောင်ခဲ့ပါတယ်။

ဒါပေမယ့် ယာဂန်ကလော့ပ်ကတော့ ဒါဝင်နူနက်ဇ်အနေဖြင့် သူ့အပေါ်လှောင်ပြောင်မှုတွေကို သွင်းဂိုးဖြင့် တုံ့ပြန်လာချိန် ပြိုင်ဘက်ပရိသတ်တွေဟာ ဥရုဂွေးသားကို ဆက်လက်လှုံ့ဆော်ပေးနေဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။“ဒီဂိုးက သုံးမှတ်အပြည့်ရယူပေးမယ့် သွင်းဂိုးဖြစ်လို့ အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် ဒါဝင်နူနက်ဇ်အတွက် အလွန်ထိုက်တန်သလို အမြဲတမ်းလည်း ရလဒ်ကို အဆုံးအဖြတ်ဖြစ်စေပါတယ်။

အရင်ကတည်းက ပရိသတ်တွေက ဒီလိုလှောင်ပြောင်မှုမျိုး မကြာခဏလုပ်ဆောင်သင့်ပါတယ်။ ဒီလိုတုံ့ပြန်မှုတွေပဲ အခုလိုအော်ဟစ်လှောင်ပြောင်မှုတွေကို ချက်ချင်းဆိုသလိုရပ်တန့်သွားအောင် လုပ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒါပေမယ့် နူနက်ဇ်က ဒီနေ့ပုံစံမျိုး သွင်းဂိုးနဲ့တုံ့ပြန်လာခဲ့ရင်လည်း ပရိသတ်တွေအနေနဲ့ အခုလိုအော်ဟစ်မှုမျိုးကို ဆက်လုပ်နိုင်ပါတယ်။

ဒီခေါင်းတိုက်သွင်းဂိုးမတိုင်ခင် ဒါဝင်နူနက်ဇ်ဆီမှာ အရမ်းကောင်းတဲ့အခိုက်အတန့်တွေ ရှိခဲ့ပါတယ်။ သူ့ရဲ့ကန်သွင်းမှုကိုလည်း ဂိုးသမားက အံ့အားသင့်စရာကောင်းအောင် ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အတွက် အရမ်းခက်ခဲလွန်းတဲ့ပွဲစဉ်မှာ သူက ချက်ချင်းဆိုသလို ပါဝင်လာခဲ့ပါတယ်။ကျွန်တော်တို့အသင်းလူစာရင်းအနေအထားနဲ့ ၁၁ ရက်အတွင်း လေးပွဲကစားရတာ တကယ့်ကို ခက်ခဲလွန်းပါတယ်။ အလွန်ခက်ခဲတာပါ။

ကျွန်တော်တို့အသင်း အကောင်းဆုံးမစတင်နိုင်ခဲ့ဘူးဆိုတာ သိသာပါတယ်။ ကျွန်တော်တို့အသင်း ကစားကွက်မတည်နိုင်ခဲ့သလို ပြဿနာအချို့တောင် ရှိလာပြန်ပါတယ်။ ပြိုင်ဘက်က ခံစစ်ကို ပိတ်ဆို့ကစားချိန် လျှင်လျှင်မြန်မြန်ကစားဖို့၊ မှန်ကန်တဲ့နေရာလွတ်တွေမှာ နေရာယူကစားဖို့တောင် အဆင်ပြေပြေမလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့မှာ သာမန်ဘောလုံးပေးပို့မှုတွေကိုတောင် လွဲချော်နေတဲ့ ကစားသမားတွေ အများအပြားရှိခဲ့ပါတယ်။

ကျွန်တော်တို့ အခွင့်အရေးနည်းနည်း ဖန်တီးခဲ့ပါတယ်။ အရမ်းကြီးကျယ်တာမျိုးမဟုတ်ပေမယ့် ကျွန်တော်တို့လုပ်နိုင်တယ်ဆိုတာ ပြသပေးခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ ပွဲက ပိုပြီးတောင် ခက်ခဲလာခဲ့ပြီး ပြိုင်ဘက်ကိုယ်တိုင် ရလဒ်ကောင်းဖို့ ဦးတည်ကစားလာခဲ့ပါတယ်။ သူတို့တွေက အဝိုနီယီလို တန်ပြန်တိုက်စစ်ကစားရာမှာ အထူးသင့်တော်တဲ့တိုက်စစ်မှူးကို ထည့်သွင်းလာပါတယ်။ အဝိုနီယီရဲ့ဘေးမှာ အီလန်ဂါနဲ့ ဟတ်ဆန်အိုဒွိုင်းတို့ ဝန်းရံထားပြီး ဂစ်ဝှိုက်က နေရာလွတ်တွေမှာ ရှိနေပေးပါတယ်။ ဒါက အလွန်ခဲရာခဲဆစ်နိုင်ပါတယ်။ ကျွန်တော်တို့ကလည်း နောက်ဆုံးအခိုက်အတန့်တွေမှာ သူတို့ရဲ့တန်ပြန်တိုက်စစ်ကို ထူးထူးခြားခြားကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲစဉ်က အကြိတ်အနယ်ရှိပြီး အနိုင်သုံးမှတ်ရယူနိုင်တယ်လို့ အဓိပ္ပါယ်ရပါတယ်။ ၉၈ မိနစ်အကျော်မှာတော့ မက်အယ်လစ္စတာဆီမှာ အကြံတစ်ခုရခဲ့ပြီး အရမ်းကောင်းတဲ့ဘောလုံးပေးပို့မှုတစ်ခု ပြုလုပ်ကာ အလိုက်သင့်ရှိနေတဲ့ ဒါဝင်နူနက်ဇ်က အဆုံးသတ်ဂိုးသွင်းယူခဲ့ပါတယ်”လို့ ပြောပါတယ်။

နော်တင်ဟမ်ဖောရက်စ်ပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေကို ဒါဝင်နူနက်ဇ်နားလည်သလားဆိုတဲ့ မေးခွန်းကို ယာဂန်ကလော့ပ်က “ကျွန်တော်တော့ နားလည်ပါတယ်။ သူနားလည်လားဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး။ နားလည်မယ်လို့ထင်ပါတယ်။ သူ့ဆီကိုမေးလိုက်တာ ပိုကောင်းပါမယ်”လို့ တုံ့ပြန်ဖြေဆိုခဲ့ပါတယ်။