
လီဗာပူးအသင်းမှာ အံဝင်ဖို့ ရုန်းကန်နေရတဲ့ အန်ဒိုအပေါ် ကာကွယ်ပြောဆိုလိုက်တဲ့ ယာဂန်ကလော့ပ်
လီဗာပူးမှာ ခက်ခဲတဲ့ပထဆုံး တစ်လတာကာလအပြီး အန်ဒိုက ပတ်ဝန်းကျင်သစ်မှာ အခြေတကျဖြစ်ဖို့ အချိန်လိုအပ်နေတယ်လို့ နည်းပြယာဂန်ကလော့ပ်က ထုတ်ပြောလာပါတယ်။
အခုနွေရာသီကာလမှာ ခေါ်ယူခဲ့တဲ့ အန်ဒိုဟာ လီဗာပူးအတွက် ပွဲကစားချိန်အချို့ ရရှိထားပါတယ်။ ဒါပေမယ့် ဘွန်ဒက်စ်လီဂါမှ ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့လာပြီးနောက် ပြိုင်ပွဲရဲ့အရှိန်အဟုန်အပေါ် လိုက်မှီနိုင်ဖို့ ရုန်းကန်နေရမှုနဲ့အတူ ပွဲစဉ်အတွင်းပြေးလွှားမှုပိုင်းမှာလည်း လိုအပ်ချက်ရှိနေတယ်လို့ အန်ဒိုအပေါ် သုံးသပ်ထားကြပါတယ်။
ကိုင်စီဒို၊ လာဗီယာတို့ကို ခေါ်ယူနိုင်ရေးကြိုးပမ်းမှု မအောင်မမြင်ဖြစ်ခဲ့ရပြီးနောက် လီဗာပူးက စတုဂတ်အသင်းခေါင်းဆောင်ကို ပစ်မှတ်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် အန်ဒိုက ဖာဘင်ဟိုထွက်ခွာသွားလို့ ကျန်ရှိခဲ့တဲ့ ကွက်လပ်ကို ဖြည့်တင်းမယ့် ကစားသမား ဖြစ်မလာသေးပါဘူး။ မည်သို့ပင်ဆိုစေကာမူ သူရဲ့ပြောင်မြောက်လှတဲ့ စွမ်းဆောင်ရည်တွေကြောင့် စတုဂတ်အသိုင်းအဝိုင်းကတော့ ကစားသမားအပေါ် ချစ်ခင်မြတ်နိုးနေကြဆဲ ဖြစ်ပါတယ်။
လက်ရှိမှာလည်း ယာဂန်ကလော့ပ်က အန်ဒိုကို ကာကွယ်ပေးခဲ့ပြီး ဂျပန်ကပ္ပတိန်က အခုဘောလုံးရာသီမှာ လီဗာပူးအသင်းအတွက် အရေးပါတဲ့အခန်းကဏ္ဍတစ်ခုအဖြစ် အချိန်မီပါဝင်လာလိမ့်မယ်လို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။
“အန်ဒိုက ဒီမှာရှိနေတဲ့အရာတွေနဲ့ အသားကျဖို့တော့ လိုအပ်နေပါသေးတယ်။ အန်ဒိုက အလွန်အေးဆေးပြီး ယဉ်ကျေးသိမ်မွေ့ကာ ထူးရှယ်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ ဒီလိုပုံစံနဲ့ပဲ သူ့ရဲ့ပထမဆုံး သီတင်းပတ်နှစ်ခုဖြတ်ကျော်လာခဲ့ပါတယ်။ အခုတော့ ဒီမှာ အတော်လေး အသားကျနေပါပြီ။ အန်ဒိုက အသက်-၃၀ မဟုတ်ဘူးပဲဖြစ်ဖြစ်၊ ဟုတ်တယ်ပဲဖြစ်ဖြစ် အသင်းမှာ ပါဖို့အတွက် ကစားသမားအချို့ကို ဖယ်ထုတ်ပစ်ရပါမယ်။ ဒါပေမယ့် သူက နေ့တိုင်းတိုးတက်လာနေတာပါ။ သူ ဒီနေရာမှာ ရှိနေရင်း ကျွန်တော်တို့ကို ကူညီပေးပါလိမ့်မယ်၊ ပွဲတွေ ကစားပါလိမ့်မယ်၊ ပွဲထွက်ခွင့်တွေလည်း ရရှိလာပါလိမ့်မယ်။ အရာအားလုံးကောင်းပါတယ်။ အလွန်တိုတောင်းတဲ့ အချိန်တိုလေးအတွင်းမှာ သူက ကျွန်တော်တို့အတွက် သုံးလေးပွဲလောက် ကစားခဲ့ပြီးပါပြီ။ ဒါက ကာလတိုစီမံချက်တစ်ခုတော့ မဟုတ်ပါဘူး။ အန်ဒိုက အသင်းလူစာရင်းရဲ့ အရမ်းအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သူရှိနေလို့ ကျွန်တော် ပျှော်ရွှင်မိပါတယ်”လို့ ပြောပါတယ်။