The network connection is lost.

Banner Image

ဒူးဒဏ်ရာကြောင့်  လီဗာပူးနဲ့ပွဲအတွက် လူစာရင်းမှာမပါဝင်လာတဲ့ တီကိုစတား

တီကိုအသင်းတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်တစ်ယောက် ဒူးဒဏ်ရာကြောင့် လီဗာပူးနဲ့ကန်မယ့် ချန်ပီယံလိဂ်လူစာရင်းမှာ မပါဝင်လာဘူးလို့ သိရပါတယ်။ဒါ့အပြင် အသင်းဖော် ကာဒိုဆိုတစ်ယောက်လည်း ဒဏ်ရာကြောင့် အခုပွဲကိုလွဲချော်မှာဖြစ်ပါတယ်။ အယ်လ်ဗာရက်ဇ်ဟာ စီးတီးကနေပြောင်းလာပြီးကတည်းက ဆီမြွန်နီလက်အောက်မှာ အရေးပါတဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။

ဒီရာသီမှာလည်း ၄ ပွဲမှာ အသင်းအတွက် ၂ ဂိုးဖန်တီးပေးထားနိုင်ပါတယ်။ တီကိုအသင်းက လီဗာပူးနဲ့ရင်ဆိုင်မယ့် ၂၂ ယောက်လူစာရင်းကို ထုတ်ပြန်ခဲ့ပြီး အယ်လ်ဗာရက်ဇ် နဲ့ ကာဒိုဆိုတို့ မပါဝင်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အယ်လ်မာဒါ ၊ ဂျီမီနက်ဇ် ၊ အဲလက်စ်ဘေနာတို့လည်း ချန်လှပ်ခံခဲ့ရပါတယ်။ အယ်လ်ဗာရက်ဇ်ဟာ ပြီးခဲ့တဲ့ဗီလာရီးရဲလ်နဲ့ပွဲမှာ ပထမပိုင်းအပြီး ဒူးဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပါတယ်။

အာဂျင်တိုင်းသားဟာ အဆိုပါဒဏ်ရာကနေပြန်လည်မသက်သာလာသေးတာကြောင့် လီဗာပူးနဲ့ပွဲကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ အယ်လ်ဗာရက်ဇ်ဟာ ဗီလာရီးရဲလ်နဲ့ပွဲရဲ့ဒုတိယပိုင်းကိုလွဲချော်ခဲ့ပေမယ့် အသင်းဖော် ဘာရီရို့စ်ရဲ့ဂိုးကိုတော့ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ကာဒိုဆိုကတော့ တနလာၤနေ့တုန်းက လေ့ကျင့်ခန်းအစီအစဉ်အတွင်း အဆစ်လွဲခဲ့တာဖြစ်ပါတယ်။ လီဗာပူးနဲ့ချန်ပီယံလိဂ်ပွဲအပြီးမှာ တီကိုအသင်းဟာ မာယော့ကာအသင်းနဲ့ လာလီဂါပွဲထပ်မံကစားရမှာဖြစ်ပါတယ်။ တီကိုဟာ လာလီဂါပထမဆုံး ၄ ပွဲမှာ ၁ ပွဲသာအနိုင်ရရှိထားပြီး အဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။