The network connection is lost.

Banner Image

ဖလာမင်ဂိုရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်တဲ့ ဂျော်ဂျင်ဟို

၂၀၂၃ ခုနှစ်မှာ မြို့ခံပြိုင်ဘက် ချဲလ်ဆီးကနေ ရောက်လာပြီးကတည်းက အာဆင်နယ်အတွက် ပြိုင်ပွဲစုံမှာ အသက် ၃၃ နှစ်အရွယ် ဂျော်ဂျင်ဟိုက ၇၀ အထိ ကစားပေးထားတာဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ဂျော်ဂျင်ဟိုက အာတီတာရဲ့အသင်းမှာ အယုံကြည်ရဆုံး ကစားသမားတစ်ဦးအဖြစ် လုပ်ဆောင်နိုင်ခဲ့ပြီး အဝတ်လဲခန်းအတွင်းမှာလည်း ခေါင်ဆောင်းတစ်ဦးလည်းဖြစ်ပါတယ်။  

သို့သော်လည်း လက်ရှိရာသီမှာတော့ သူဟာ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့အတွက် ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်မှာ စုစုပေါင်း ၆ ပွဲအထိသာ ပွဲထွက်ခွင့်ရရှိထားတာပါ။ ဒါကြောင့် အီတလီနိုင်ငံသားဟာ မြောက်လန်ဒန်မှာ စိတ်ပျက်မှုများ များလာတယ်လို့ နားလည်ရပါတယ်။ ပြီးခဲ့တဲ့နွေရာသီတုန်းက အာဆင်နယ်ဟာ သူ့ကို နောက်ထပ် ၁၂ လ သက်တမ်းတိုးခဲ့တာဖြစ်ပေမယ့် ကွင်းလယ်ကစားသမားရဲ့ လက်ရှိစာချုပ်က ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ ဒါကြောင့် သူဟာ အမ်မရိတ်ကနေထွက်ခွာပြီး စိန်ခေါ်မှုအသစ်ကို ရှာဖွေဖို့ရှိနေပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်တွေတုန်းက ပါးလ်မီးယက်စ်ကနေ စိတ်ဝင်စားမှုရှိခဲ့သော်လည်း ဘရာဇီးကလပ်ဘက်ကနေ ကမ်းလှမ်းမှုမျိုး မရှိလာခဲ့ပါဘူး။ ဂျော်ဂျင်ဟိုကိုခေါ်ယူဖို့အတွက် ဖလာမင်ဂိုက ဦးဆောင်နေတယ်လို့ စဉ်းစားလို့ရပေမယ့် Globo Esporte ရဲ့ ဖော်ပြချက်အရ ညှိနှိုင်းမှုတွေက တန့်သွားပြီး သဘောတူညီမှုရရှိဖို့ ဝေးကွာသွားပြီဖြစ်ပါတယ်။

ဖလာမင်ဂိုဟာ ကစားသမားကို ၃နှစ်ခွဲစာချုပ် ယူရို ၁၀ သန်း (ပေါင် ၈.၅သန်း) ဖြင့် ကမ်းလှမ်းခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ သို့သော်လည်း ဘရာဇီးနွယ်ဖွား ယူရို ၂၀၂၀ ဆုရှင်ဟာ ယူရို ၁၃ သန်း (ပေါ် ၁၁ သန်း) အထိ တောင်းဆိုခဲ့တာလို့ သိရပါတယ်။ အဆိုပါဈေးနှုန်းဖြင့် ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်း ဆွေးနွေးမှု မရှိခဲ့ပါဘူး။ ဇန်နဝါရီလ အတွင်း အာဆင်နယ်ကနေ စောစီးစွာထွက်ခွာနိုင်မှုနှင့်ပတ်သက်ပြီး ဂျော်ဂျင်ဟိုက ပြောကြားထားခြင်းမရှိပါဘူး။

တကယ်တော့ ဂန်နာတွေဟာ ဂျော်ဂျင်ဟိုကို နောက်ထပ်သက်တမ်းတိုးဖို့ မျှော်လင့်ချက်ကို လက်လွှတ်မခံဘဲ နည်းပြအာတီတာအနေနဲ့ သူ့ရဲ့သက်တမ်းတိုးဖို့ စိတ်အားထက်သန်နေခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်ဟာ အသင့်ကစားနိုင်မယ့် ရီးရဲလ်ဆိုစီဒက်ရဲ့ မာတင်ဇူဘီမန်ဒီနဲ့ အစားထိုးဖို့ဖြစ်ပြီး ဂျော်ဂျင်ဟိုတို့ရဲ့ ဦးစားပေးကလည်း အီတလီရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ပုံမှန်ကစားချိန်ရရှိဖို့ဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဇန်နဝါရီလအစမှာ အာဆင်နယ်ကွင်းလယ်လူ ဂျော်ဂျင်ဟိုနဲ့ သောမတ်ပါတေးတို့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မေးတဲ့အခါ အာတီတာက "ကျွန်တော် ဒီလိုပြောဆိုမှုတွေကို အခု မပြောချင်သေးပါဘူး" "လက်ရှိအသင်းရဲ့အာရုံစိုက်က ရာသီကို အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ ဖြစ်တာကြောင့် ဒီကစားတွေကို နောက်ပိုင်းမှသာ ပြောချင်ပါတယ်"

"ဒါကို သူတို့လည်းနားလည်နိုင်မှာဖြစ်ပြီး ကျွန်တော်တွေ့ ဘာလုပ်နိုင်မလဲဆိုတာကို တွေ့နိုင်မှာပါ" "သို့သော်လည်း ဒီကစားကစားနှစ်ဦးနဲ့ပတ်သက်ပြီး ကျွန်တော် ပျော်ပါတယ်။ သူတို့က အသင်းမှာ တန်ဖိုးရှိတဲ့ ကစားသမားတွေပါ" "သူတို့တွေကိုလည်း စိတ်ဓာတ်အကောင်းဆုံးအနေအထားမှာ ရှိစေချင်ပါတဘ်။ ဒါဟာ ဒီရာသီအတွက် အရေးကြီးဆုံးလည်းဖြစ်ပါတယ်" လို့ ဖြေပါတယ်။