The network connection is lost.

Banner Image

ဆွစ်ဇာလန်နဲ့ပွဲစဉ်မှာ နောက်တန်း ၃ ယောက်နဲ့ကစားသွားမယ့် ဆောက်ဂိတ်ရဲ့အစီအစဉ်အပေါ် မှတ်ချက်ပြုလာတဲ့ ဂျွန်စတုန်းစ်

အင်္ဂလန်လက်ရွေးစင်နောက်ခံလူ ဂျွန်စတုန်းစ်က ဆွစ်ဇာလန်နဲ့ ယှဉ်ပြိုင်သွားရမယ့် ယူရို ၂၀၂၄ ကွာတားဖိုင်နယ်ပွဲစဉ်မှာ နောက်တန်း ၃ ယောက်တည်းနဲ့ကစားသွားမယ့် နည်းပြဂါရတ်ဆောက်ဂိတ်ရဲ့အစီအစဉ်ဟာ သူ့အတွက်တော့ ပြဿနာရှိမှာမဟုတ်ကြောင်း ပြောကြားလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ယူရိုပြိုင်ပွဲအတွင်း ဂျာမနီကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ ၁၆ သင်းအဆင့်ပွဲစဉ်မှာ ဆောက်ဂိတ်ဟာ အင်္ဂလန်ရဲ့လူစာရင်းမှာ နောက်တန်း ၃ ယောက်အတွဲကို စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါပြိုင်ပွဲအတွင်း အီတလီနဲ့ရင်ဆိုင်ခဲ့ရတဲ့ ဗိုလ်လုပွဲမှာလည်း ဆောက်ဂိတ်ဟာ တူညီတဲ့ကစားဟန်ကို ဆက်လက်အသုံးပြုခဲ့ပါတယ်။

ယခုနှစ်ပြိုင်ပွဲမှာ အင်္ဂလန်ဟာ ၄-၂-၃-၁ ကစားကွက်ကို တောက်လျှောက်အသုံးပြုနေပြီး စွမ်းဆောင်ရည်ညံ့ဖျင်းနေတဲ့အပြင် အသင်းရဲ့ဗဟိုခံစစ်မှူး ဂူဟီကလည်း ပွဲပယ်ခံထားရတာကြောင့် ဆောက်ဂိတ်အနေနဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ အပြောင်းအလဲအသစ်တစ်ခုပြုလုပ်ခဲ့ပုံရပါတယ်။

ယခုအခါမှာတော့ ဂျွန်စတုန်းစ်က အခုလိုအသင်းရဲ့ ပြောင်းလဲမှုက အချို့တွေထင်ထားသို အန္တရာယ်ရှိမှာမဟုတ်ကြောင်းကို “ဒါကို ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာလည်း ပြုလုပ်ခဲ့ဖူးပါတယ်။ ပြီးတော့ ၂၀၁၈ ကမ္ဘာ့ဖလားမှာရောပါပဲ။ ဒီပုံစံအတိုင်းကစားမယ်ဆိုရင်တော့ အဝတ်လဲခန်းထဲမှာ နားလည်မှုတွေပိုယူရမယ်ထင်ပါတယ်။ ဒီလိုကစားလို့ ကျွန်တော်တို့ရဲ့အသင်းကို လျှော့တွက်လို့တော့မရပါဘူး။ ကျွန်တော်တို့ ဒါကို ချောချောမွေ့မွေ့ပဲ လုပ်ဆောင်သွားနိုင်မှာဖြစ်ပြီး အလုပ်ဖြစ်မှာသေချာပါတယ်။ ပွဲမစခင် ကျွန်တော်တို့မှာ လေ့ကျင့်ရေးလုပ်ဖို့ အချိန်တစ်ချိန်ရပါသေးတယ်။ ဒါကြောင့် အားလုံး တတ်နိုင်သလောက် ညှိနှိုင်းပြီး ဘာတွေလုပ်ပြနိုင်မလဲ  စောင့်ကြည့်ကြတာပေါ့” လို့ပြောကြားခဲ့ပါတယ်။