The network connection is lost.

Banner Image

အယ်လ်နာဆာနဲ့ ဆေးစစ်မှုခံယူတော့မယ့် ချဲလ်ဆီးစတား

သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ အယ်လ်နာဆာအသင်းရဲ့ပေါင် ၂၆ သန်းတန်ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီးနောက် ဂျာအိုဖီးလစ်ဟာ ဆေးစစ်မှုခံယူတော့မယ်လို့ သိရပါတယ်။ ရိုမာနိုကတော့ အဆိုပါအပြောင်းအရွှေ့ထဲမှာ အပိုဆုကြေးတွေအပြင် ကြီးမားတဲ့ပြန်လည်ရောင်းချခွင့်အချက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ချဲလ်ဆီးဘက်က အသက် ၂၄ နှစ်သားတန်ကြေးကို ယူရိုသန်း ၅၀ အထိ သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ အယ်လ်နာဆာရဲ့ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီးနောက် ဖီးလစ်တစ်ယောက် မကြာခင်မှာ ဆေးစစ်မှုခံယူတော့မှာဖြစ်ပါတယ်။

ပေါ်တူဂီသားဟာ ချဲလ်ဆီးမှာ ဒုတိယအကြိမ်ပြန်လာကစားခဲ့ပေမယ့် ခြေစွမ်းသိပ်မပြနိုင်ခဲ့ပဲ ပွဲ ၄၀ မှာ ၁၁ ဂိုးသာသွင်းယူနိုင်ခဲ့သလို ဒုတိယရာသီဝက်ကို အေစီမီလန်မှာ အငှားထွက်ကစားခဲ့ရပါတယ်။ ဖီးလစ်တစ်ယောက် ကစားသမားဘဝအစောပိုင်းတုန်းက ထွန်းတောက်လာမယ့်ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် နောက်ပိုင်းမှာ ခြေစွမ်းဆက်တိုက်ကျဆင်းလာခဲ့တာဖြစ်ပါတယ်။

အသက် ၂၄ နှစ်သားအနေနဲ့ နိုင်ငံအသင်းမှာပါဝင်နိုင်ဖို့ စီနီယာအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်လိုအပ်နေတာဖြစ်ပြီး လက်ရှိမှာတော့ နိုင်ငံအသင်းဖော် ရော်နယ်ဒိုနဲ့ အတူတူတွဲဖက်ကစားခွင့်ရတော့မှာဖြစ်ပါတယ်။