
မိသားစုကိစ္စကြောင့် မန်စီးတီးနဲ့ကစားမယ့် မာရက်စ်ကာရဲ့လူစာရင်းကနေ နှုတ်ထွက်ခဲ့တဲ့ ဖီးလစ်
မိသားစုအတွင်း ဝမ်းနည်းဖွယ်ကိစ္စကြောင့် ပေါ်တူဂီသား ဖီးလစ်ဟာ နာရေးခွင့်ယူကာ အိမ်သို့ပြန်သွားခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံး ၄ သင်း ယှဉ်ပြိုင်မှုအတွက် ချဲလ်ဆီးဟာ မန်စီးတီးသို့ သွားရောက် ကစားရမှာဖြစ်ပြီး မာရက်စ်ကာဟာ သူ့ရဲ့အကြီးအကဲဟောင်း ဂွါဒီယိုလာနှင့် ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။
သို့သော်လည်း ဖီးလစ်ကတော့ ထိုပွဲကို ကစားနိုင်မှာ မဟုတ်ပါဘူး။ နွေရာသီတွင် အက်သလက်တီကိုမက်ဒရစ်ကနေ ပေါင် ၄၆.၃ သန်းဖြင့် ရောက်လာပြီးနောက် ဖီးလစ်ဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် မှာ ၁၂ ပွဲကစားပေးထားပါတယ်။ အဲ့ဒီထဲက ပွဲအများစုဟာ အရန်အဖြစ်ကစားခဲ့ရတာဖြစ်ပြီး အသက် ၂၅နှစ်အရွယ် ကစားသမားဟာ နံပါတ် ၁၀ နေရာတွင် ပယ်လ်မာရဲ့နောက်မှာသာ ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် သူဟာ အသင်းကနေထွက်ခွာဖို့ အလားအလာရှိနေပါတယ်။
ဖီးလစ်ရဲ့ အကန့်အသတ်နှင့်ပွဲထွက်နေရခြင်းအပေါ် ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ပြောကြားခဲ့ပြီး ပေါ်တူဂီသားက အရမ်းကောင်းတယ်လို့ပါ ပြောကြားခဲ့ပါတယ်။
"သေချာတာပေါ့ ဂျာအိုက ချဲလ်ဆီးရဲ့ ကစားသမားပါ။ ဂျာအိုနဲ့ ခရစ္စတိုတို့အတွက် ကံမကောင်းတဲ့ ပြဿနာတစ်ခုကတော့ ပွဲတွေမှာ မန်နေဂျာက ကွင်းလယ်တိုက်စစ်ကစားသမား တစ်ဦးတည်းနဲ့ ကစားတာဖြစ်ပြီး သူကလည်း ကိုးပယ်လ်မာဖြစ်နေပါတယ်"
"ကျွန်တော်တို့က ကွင်းလယ်တိုက်စစ်ကစားသမားတစ်ဦးနဲ့သာ ကစားဖို့အတွက် ဆုံးဖြတ်ခဲ့ပြီး ဒါကြောင့်ပဲ သူတို့ ၂ ဦးက ပွဲထွက်ခွင့် ရရှိဖို့အတွက်ရုန်းကန်နေရတာပါ။ တခြားအကြောင်းပြချက်မရှိပါဘူး။ သူတို့တွေက အရမ်းကောင်းတဲ့ ကစားသမားတွေဖြစ်ပါတယ်"
"အသင်းအတွက်မျှချေရှိဖို့အတွက် ကျွန်တော်ဟာ ကွင်းလယ်တိုက်စစ်ကစားသမားတစ်ဦးနဲ့သာ ကစားဖို့ ဆုံးဖြတ်ခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒါက ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်ပါပဲ" လို့ နည်းပြက ပြောပါတယ်။ ဇန်နဝါရီအပြောင်းအရွှေ့မပိတ်မီ ဖီးလစ်က ထွက်ခွာသွားနိုင်ဖို့ ဖိအားပေးထားတာရှိသလားလို့ မေးတဲ့အခါ မာရက်စ်ကာက "ကျွန်တော်ကတော့ အဲ့ဒီလို့ ပြောထားခြင်းမရှိပါဘူး။ ပြောလည်း ပြောမှာ မဟုတ်ပါဘူး"
"ရုန်းကန်မှုတွေရှိနေသော်လည်း ၂ဦးစလုံးကို အဲ့လိုမပြောထားပါဘူး" လို့ ဖြေပါတယ်။
ချဲလ်ဆီးဟာ ဒဏ်ရာရရှိနေတဲ့ လာဗီးယာကိုလည်း ထည့်သွင်းနိုင်မှာ မဟုတ်ပါဘူး။ မန်စီးတီးအကယ်ဒမီထွက် ကစားသမားဟောင်းဟာ မတ်လအထိ ကစားနိုင်သေးမှာ မဟုတ်ပါဘူး။