အေစီမီလန်ကိုကျော်ကာ ဇက်ခ်ဇီကို ယူနိုက်တက်က ခေါ်ယူနိုင်တော့မယ့်အပေါ်တုံ့ပြန်ပြောကြားလိုက်တဲ့ အီဘရာဟီမိုဗစ်
စီးရီးအေကလပ်ဟာ ယူရိုသန်း ၄၀ (ပေါင် ၃၃.၇ သန်း) စာချုပ်ဖျက်သိမ်းကြေးရှိနေတဲ့ ဇက်ခ်ဇီကို ခေါ်ယူဖို့အတွက် ဘိုလော့ဂ်နာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့တဲ့လက တိုက်စစ်မှူးနှင့် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။
သို့သော်လည်း အီတလီရှိ သတင်းများအရ အေစီမီလန်ဟာ ဇက်ခ်ဇီရဲ့ကိုယ်စားလှယ်အား ကော်မရှင်အဖြစ် နောက်ထပ် ယူရို ၁၅ သန်း (ပေါင် ၁၂.၆ သန်း) ပေးဖို့ ငြင်းဆိုခဲ့တဲ့အတွက် သဘောတူညီမှုက ပျက်ပြယ်ခဲ့တာဖြစ်ပါတယ်။ ယင်းနှောင့်နှေးမှုကြောင့် ယူနိုက်တက်ဟာ အပြောင်းအရွှေ့ကို ပြုလုပ်နိုင်စေခဲ့ပြီး တန်ဟက်နှင့် တိုက်ရိုက်ဆွေးနွေးမှုပြီးနောက် ဇီကာဇီဟာ ယခုအခါ ပရီးမီးယားလိဂ်ကလပ်သို့ ရောက်လာရန် အဆင်သင့်ဖြစ်နေပြီလို့ ဘိုလော့ဂ်နာအား အသိပေးခဲ့တာဖြစ်ပါတယ်။
အေစီမီလန်ရဲ့ အကြီးတန်းအကြံပေးဖြစ်သူ အီဘရာဟီမိုဗစ်က ယခုအခါ အီတလီကလပ်ဟာ ဇက်ခ်ဇီအစား အခြားတိုက်စစ်မှူးတစ်ဦးကို ခေါ်ယူရန် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။ "ခေါ်ယူမှုအသစ်တွေ ထပ်ရောက်လာမယ်လို့ ကျွန်တော် အာမခံနိုင်ပါတယ်။ ကျွန်တော်တို့ ပြောဆိုမှုတွေ ဆွေးနွေးမှုတွေ လုပ်ခဲ့သော်လည်း အပြီးသတ်ခဲ့တာတွေမရှိပါဘူး"
"ဇက်ဇီအတွက်က ပြီးသွားပါပြီ။ စိတ်ထဲမှာ တစ်ခုတော့ရှိနေပါတယ်။ ဒါပေမယ့် နာမည်တော့ မပြောသေးပါဘူး။ ကျွန်တော်တို့ ရည်မှန်းထားတဲ့ သူတစ်ယောက်ရှိပါတယ်" "ကစားသမားတွေကို ခေါ်ယူဖို့အတွက် နေရာဖန်တီးပေးရပါမယ်။
ကျွန်တော်တို့အသင်းထံသို့ ကစားသမား ၃၀ လောက် မထားချင်တာကြောင့် ၂၃ ဦးအထိသာ ခေါ်ယူမှာဖြစ်လို့ ကစားသမားသစ်တွေ ရောက်ရှိလာတော့မှာပါ။ နည်းပြအတွက် အသုံးမဝင်တဲ့ ကစားသမားတွေ အရမ်းများမလာအောင် နေရာဖန်တီးပေးရပါမယ်"
"ဘယ်သူရောက်လာမလဲ ဆိုတာနဲ့ ဘယ်သူက ထွက်သွားမလဲဆိုတာကိုလည်း စဉ်းစားရမယ်။ ဘယ်သူပဲရောက်ရောက် အသင်းတိုးတက်ဖို့ဖြစ်ပြီး အမှတ်ပေးဇယားကို မြှင့်တင်ဖို့ အရာအားလုံးကို လုပ်ထားပါတယ်။ အမေရိကန်ဘောလုံးမှာလို ကစားသမား ၄၀-၅၀ လောက်ရှိဖို့ မလိုပါဘူး" လို့ အီဘရာဟီမိုဗစ်က တနင်္လာနေ့တွင် ပြောကြားခဲ့ပါတယ်။
ဇက်ခ်ဇီအတွက် စေ့စပ်ညှိနှိုင်းမှုအတွင်း အေးဂျင့်ရဲ့ တောင်းဆိုမှုများကြောင့် စိတ်ပျက်မိသလားလို့ မေးရာတွင် အီဗရာဟီမိုဗစ်က "မပျက်ပါဘူး။ ဘယ်တော့မှ စိတ်ပျက်မသွားပါဘူး။ ဒါက ဘောလုံးရဲ့ တစ်စိတ်တစ်ပိုင်းပါ။ အဖြစ်မှန်နဲ့ ကောလာဟလဆိုတာ မတူညီတဲ့ အရာနှစ်ခုဖြစ်ပါတယ်" "ပြဿနာတွေကို ဖြေရှင်းပေးတဲ့ အေးဂျင့်တွေနဲ့ ပြဿနာတွေကို ဖန်တီးပေးတဲ့ အေးဂျင့်တွေဆိုတာရှိပါတယ်။ ဒီကိစ္စမှာ နှစ်ခုစလုံး မဟုတ်ပါဘူး" "ကောလာဟလတွေက အဖြစ်မှန်နဲ့မတူဘူး။ တိုက်စစ်နေရာအတွက် ကျွန်တော်တို့မှာ အကြံဥာဏ်တစ်ခုရှိပါတယ်။ တတ်နိုင်သမျှ မြန်မြန်ရောက်လာမယ်လို့ မျှော်လင့်ပါတယ်" လို့ ဖြေပါတယ်။