The network connection is lost.

Banner Image

အာနိုးလ်ကို အကြိမ်ကြိမ်ကျော်ဖြတ်နိုင်ခဲ့တယ်လို့ ပြောဆိုလိုက်တဲ့ မန်စီးတီးကြယ်ပွင့်ဒိုကူ

အာနိုးလ်နဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံမှုတိုင်း အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့မှုကို ဒိုကူက ထောက်ပြလာခဲ့ပေမယ့် လီဗာပူးကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း စိတ်ပျက်လက်ပျက်ဖြစ်မိတဲ့အရာကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပွဲစဉ်အတွင်း ဘယ်လ်ဂျီယံတောင်ပံကစားသမားက လီဗာပူးခံစစ်မှူးအာနိုးလ်ကို အကြိမ်ကြိမ်ကျော်ဖြတ်နိုင်ခဲ့ပေမယ့် အီတီဟတ်ကွင်းအတွင်း မန်စီးတီးရဲ့နှစ်ဂိုးပြတ်ရှုံးနိမ့်မှုကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။အသက်-၂၂ နှစ်အရွယ်ကစားသမားက အသင်းဖော်တွေဆီ တိုက်စစ်ပိုမိုကစားပေးကြဖို့ တောင်းဆိုခဲ့ပြီး သူကိုယ်တိုင်လည်း အာနိုးလ်ကို အကြိမ်ကြိမ်ကျော်ဖြတ်ပြခဲ့တယ်လို့ ထောက်ပြလာပါတယ်။

ဒိုကူက “ ကျွန်တော် အာနိုးလ်ကို အကြိမ်ကြိမ်ကျော်ဖြတ်နိုင်ခဲ့ပေမယ့် အဲ့ဒီလိုကျော်ဖြတ်မှုတွေက နောက်ဆုံးအကြိမ်ဘောလုံးပေးပို့မှုဖြစ်သွားသလားဆိုတာ ကျွန်တော်လည်း မသိတော့ပါဘူး။ ဘောလုံးနဲ့အတူ ပြိုင်ဘက်ကိုကျော်ဖြတ်ပြီးနောက် အရေးအကြီးဆုံးအရာက ဒီကျော်ဖြတ်မှုမှတဆင့် တစ်ခုခုဖန်တီးလိုက်နိုင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ပြိုင်ဘက်ဂိုးပေါက်ရှေ့မှာ အခွင့်အရေးကောင်းအချို့ရရှိခဲ့ပေမယ့် ကျွန်တော်တို့တွေ ဂိုးသွင်းယူနိုင်ဖို့ လိုအပ်ခဲ့ပါတယ်။ ဒီပွဲစဉ်ကို လေ့လာဆန်းစစ်ပြီး ကျွန်တော် ဒီထက်ပိုကောင်းအောင် ဘာလုပ်သွားရမလဲ၊ အသင်းတစ်ခုအဖြစ် ကျွန်တော်တို့တွေ ပိုကောင်းအောင် ဘာလုပ်သွားရမလဲဆိုတာ လေ့လာရပါမယ်”လို့ ပြောပါတယ်။

အာနိုးလ်ရဲ့ခံစစ်ပိုင်းစွမ်းဆောင်ရည်က သူ့ရဲ့ကစားသမားဘဝသက်တမ်းတလျှောက် မေးခွန်းထုတ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အဆုံးမှာတော့ လီဗာပူးက မန်စီးတီးကို အနိုင်ယူပြီး အမှတ်ပေးဇယားကို ၁၁ မှတ်ဖြတ် ဦးဆောင်သွားနိုင်ခဲ့ပါတယ်။ ဒိုကူကိုယ်တိုင်လည်း ပြိုင်ဘက်တွေကို ကျော်ဖြတ်နိုင်ပေမယ့် သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ ပိုပြီးပြုလုပ်သွားဖို့ လိုအပ်နေတယ်ဆိုတာ အငြင်းပွားစရာမရှိပါဘူး။ လီဗာပူးကိုရှုံးနိမ့်ပြီးနောက် အခုညပိုင်း၊ တော့တင်ဟမ်နဲ့ရင်ဆိုင်ရမယ့် အဝေးကွင်းပွဲစဉ်မှာ မန်စီးတီးအသင်း နိုင်ပွဲပြန်ရှာဖွေဖို့ ဒိုကူ မျှော်လင့်နေပါလိမ့်မယ်။