The network connection is lost.

Banner Image

သွင်းဂိုးတွေက မာဆေးလ်အတွက် ဦးစားပေးမဟုတ်ကြောင်း ဂရင်းဝုဒ် အခိုင်အမာဆို

မာဆေးလ်အသင်းစတား မေဆင်ဂရင်းဝုဒ်က အသင်းအတွက် ဂိုးတွေက ဦးစားပေးမဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။ အင်္ဂလန်သားဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ပေါင် ၂၇ သန်းနဲ့ မာဆေးလ်အသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ အသက် ၂၃ နှစ်သားဟာ ဂီတာဖေးအသင်းမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီးနောက် အခုမာဆေးလ်အသင်းမှာလည်း စွမ်းဆောင်ရည်ကောင်းတွေဆက်လက်ပြသနေတာဖြစ်ပါတယ်။

လက်ရှိရာသီမှာ မေဆင်တစ်ယောက် အသင်းအတွက် ပြိုင်ပွဲစုံ ၁၂ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး ဒီဇင်ဘာတုန်းက လီဂူးဝမ်းရဲ့တစ်လတာအကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပါတယ်။ အဆိုပါစွမ်းဆောင်ရည်ကောင်းတွေကို အင်္ဂလန်သားဟာ ၂၀၂၅ အထိ ဆက်လက်သယ်ဆောင်လာနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရန်းနက်စ်ကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ မေဆင်ဟာ ၁ ဂိုးသွင်း ၊ ၁ ဂိုးဖန်တီးနိုင်ခဲ့ပြီး အသင်းအတွက် ဂိုးတွေထက် ဆုဖလားက ပိုအရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။ “ကျွန်တော် ဒီဂိုးတွေနဲ့ပတ်သက်ပြီး အရမ်းပျော်ပါတယ်။အသင်းကိုလည်း အကျိုးပြုနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဂိုးမသွင်းနိုင်လို့ ဝမ်းမနည်းပါဘူး။ အနိုင်ရနေသမျှ ကျွန်တော်ဂရုလည်းမစိုက်ပါဘူး။ ကျွန်တော် ပွဲတိုင်းအနိုင်ရချင်ပါတယ်”လို့ မေဆင်က ပြောကြားခဲ့ပါတယ်။

မာဆေးလ်ဟာ ပီအက်စ်ဂျီကို ဆက်လက်ဖိအားပေးနိုင်ဖို့ အနိုင်ရရှိရန်လိုအပ်နေပြီး ၂၀၁၀ နောက်ပိုင်းကတည်းက ပထမဆုံးဆုဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ လက်ရှိမှာတော့ ပီအက်စ်ဂျီက မာဆေးလ်အသင်းကို ၇ မှတ်ဖြတ်ကာ ဦးဆောင်ထားနိုင်ဆဲဖြစ်ပါတယ်။