The network connection is lost.

Banner Image

အဲရစ်ဆင်ကိုယ်တိုင် ဆုံးဖြတ်ချက်အချို့ ချမှတ်ရတော့မယ်လို့ ဟယ်ရီကိန်း ထုတ်ဖော်ပြောဆို

ကွင်းတွင်းမှာ ဒုတိယအကြိမ်လဲကျသွားပြီးနောက် တော့တင်ဟမ်အသင်းဖော်ဟောင်းအဲရစ်ဆင်ကိုယ်တိုင် အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်အချို့ကို ချမှတ်သွားရတော့မယ်လို့ ဟယ်ရီကိန်းက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ်အဲရစ်ဆင်က ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာကစားခဲ့တဲ့ ဒိန်းမတ်နဲ့ ယူကရိန်းတို့ရဲ့ ကမ္ဘာ့ဖလားအကြိုခြေစမ်းပွဲစဉ်အတွင်း ရင်ဘတ်ကိုလက်နဲ့ဖိကာ ကွင်းတွင်းမှာ လဲကျသွားခဲ့ပါတယ်။ ဒီနောက်မှာတော့ ဒီခြေစမ်းပွဲစဉ်ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။

ဒါက မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဟောင်းအတွက် နှလုံးရောဂါကြောင့် ကွင်းတွင်းမှာ ဒုတိယအကြိမ် လဲကျခဲ့ခြင်း ဖြစ်ပါတယ်။ သူက ယူရို-၂၀၂၀ ပြိုင်ပွဲကာလမှာလည်း နှလုံးရပ်တန့်မှုကို ခံစားခဲ့ရပြီး နှလုံးခုန်နှုန်းထိန်းညှိစက်ကို ခန္ဓာကိုယ်အတွင်းမှာ ထည့်သွင်းတပ်ဆင်ထားရပါတယ်။

ITV Sport နဲ့တွေ့ဆုံချိန် တော့တင်ဟမ်ကြယ်ပွင့်ဟောင်းဟယ်ရီကိန်းက အဲရစ်ဆင်ဆီဆက်သွယ်ပြီး အားပေးစကားပြောကြားခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

"ဒီနေ့မှာ ကျွန်တော်ကိုယ်တိုင် အဲရစ်ဆင်ဆီ ဖုန်းဆက်ခဲ့ပါတယ်" လို့ အင်္ဂလန်တိုက်စစ်မှူးက ဆိုပါတယ်။

"အဓိကအချက်ကတော့ နှလုံးခုန်နှုန်းထိန်းညှိစက်ရှိနေခဲ့ပြီး ကောင်းကောင်း အလုပ်လုပ်ခဲ့တာပါပဲ။"

"အဲရစ်ဆင်ရဲ့ပြန်လည်တုံ့ပြန်မှုကိုတော့ မကြားရသေးပါဘူး။ ဒါပေမဲ့ သူက အခုအချိန်မှာ အနားယူသွားဖို့လိုအပ်ပြီး မိသားစုနဲ့အတူ အချိန်တွေကို ဖြတ်သန်းသွားမယ်လို့ ထုတ်ပြန်ထားတာကြောင့် ဒါက အရေးကြီးတဲ့ အချက်လို့ ထင်ပါတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

အဲဒီနောက် ဟယ်ရီကိန်းက အဲရစ်ဆင်ကိုယ်တိုင် အနာဂတ်အတွက် "ဆုံးဖြတ်ချက်အချို့ ချမှတ်ရတော့မယ်" လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။