The network connection is lost.

Banner Image

ပီအက်စ်ဂျီ ချန်ပီယံလိဂ်ဖလားရပြီးနောက် အွန်နရီနဲ့ အာစင်ဝင်းဂါးတို့ ပြန်ဆုံခဲ့ကြ

ပီအက်စ်ဂျီအသင်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အင်တာမီလန်ကို ၅-၀ ဂိုးနဲ့ သမိုင်းဝင် ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ် ဂန္တဝင်တွေဖြစ်တဲ့ အွန်နရီနဲ့ အာစင်ဝင်းဂါးတို့ စိတ်လှုပ်ရှားစွာ ပြန်ဆုံပြီး ပျော်ရွှင်ခဲ့ကြပါတယ်။ 

အာဆင်နယ်မှာ နာမည်ကြီး ဂန္တဝင်တွေဖြစ်တဲ့ ဒီပြင်သစ်လူမျိုး နှစ်ယောက်က မြူးနစ်မြို့က Allianz Arena မှာ ပီအက်စ်ဂျီက အသင်းသမိုင်းမှာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးလိုက်တော့ တကယ်ကို ပျော်နေကြတာ တွေ့ရပါတယ်။ CBS Sports ရဲ့ ဘောလုံးသုံးသပ်သူအဖြစ် ရှိနေတဲ့ အွန်နရီက သူ့ရဲ့ နည်းပြဟောင်းကို အင်တာဗျူးလုပ်နေတုန်း မျက်နှာမှာ အပြုံးမပျောက်ဘူး။ လေးစားတဲ့အနေနဲ့ ဝင်းဂါးကို 'boss' လို့လည်း ချစ်စနိုး ခေါ်ခဲ့ပါတယ်။

ပီအက်စ်ဂျီရဲ့ ကောင်းမွန်တဲ့ ကစားပုံအကြောင်း ပြန်ပြောရင်း ဝင်းဂါးက CBS Sports မှာ "'တကယ်ကို အံ့မခန်းပဲ။ အသင်းနှစ်သင်းကြားက ကွာခြားချက်က အရမ်းကြီးတယ်။ ဒါ့အပြင် အင်တာ ကစားတဲ့ပုံစံက ပီအက်စ်ဂျီ ကို ပိုလွယ်သွားစေတယ်' လို့ ပြောခဲ့ပါတယ်။သွားကြီးဖြဲပြီး ပျော်ပျော်ရွှင်ရွှင်ပဲ အွန်နရီက "'boss ပျော်လား' လို့ မေးလိုက်တာပေါ့။" ဝင်းဂါးကတော့ "'ကျွန်တော် ပျော်ပါတယ်၊ ပြင်သစ်ဘောလုံးလောကအတွက်ပေါ့။ မင်းသိပါတယ်' လို့ ပြန်ဖြေခဲ့ပါတယ်။" အွန်နရီကလည်း ချက်ချင်းပဲ "'မေးကြည့်တာပါ boss။ မေးကြည့်တာပါ၊ စိတ်မဆိုးပါနဲ့။ ကျွန်တော်လည်း ပျော်ပါတယ်၊ တော်တော်လေး ပျော်တယ်' လို့ ပြန်ပြောခဲ့တယ်။" ဝင်းဂါးက ဆက်ပြီး ပြောတာကတော့ "'ဟုတ်တာပေါ့ အွန်နရီ။ မင်းလည်း ပြင်သစ်ဘောလုံးလောကအတွက် အများကြီး လုပ်ခဲ့တာပဲ' လို့ ပြောခဲ့ပါတယ်။"

အွန်နရီနဲ့ ဝင်းဂါးရဲ့ အထူးခြားဆုံး ဆက်ဆံရေးက ၁၉၉၉ ခုနှစ်တုန်းက အာဆင်နယ်နည်းပြ ဝင်းဂါးက ဟင်နရီကို ဂျူဗင်တပ်စ်ကနေ ခေါ်ယူခဲ့ကတည်းက ရှိခဲ့တာပါ။