The network connection is lost.

Banner Image

အသင်းခေါင်းဆောင်လက်ပတ်ရရှိခဲ့ပြီးနောက် အေဂျက်မှာဆက်နေဖို့ ဆုံးဖြတ်ခဲ့တဲ့ ဟန်ဒါဆန်

အေဂျက်အသင်းဘက်က ရာသီဝက်အပြီးမှာ အသင်းခေါင်းဆောင်လက်ပတ်ပေးအပ်ခဲ့ပြီးနောက် ဟန်ဒါဆန်တစ်ယောက် အသင်းမှာ ဆက်နေဖို့ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၄ ဇန်နဝါရီတုန်းက အယ်လ်-အီတီဖက်အသင်းထံကနေ ပြောင်းလာပြီးနောက် ဟန်ဒါဆန်ဟာ အေဂျက်အသင်းရဲ့အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း အင်္ဂလန်သားဟာ အသင်းကနေထွက်ခွာဖို့ ပြင်ဆင်မှုတွေရှိလာခဲ့တာဖြစ်ပြီး မိုနာကိုအသင်းက ချိတ်ဆက်လာခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်သားဟာ အသင်းခေါင်းဆောင်လက်ပတ်ကို ဂါလာတာစာရေးနဲ့ပွဲမှာ ပက်စ်ဗာထံ ပေးအပ်ခဲ့တာဖြစ်ပါတယ်။

 အခုချိန်မှာလည်း ဂိုးသမား ပက်စ်ဗာက အသင်းခေါင်းဆောင်လက်ပတ်အနေအထားနဲ့ပတ်သက်ပြီး “ဂျော်ဒန်က ပွဲအပေါ်မှာ အာရုံစိုက်ချင်ခဲ့ပါတယ်။အခုအခြေအနေကို ဂရုစိုက်တာမဟုတ်ပါဘူး။ အဲ့တာက ကျွန်တော်တို့ ပွဲမတိုင်ခင် ဆွေးနွေးဖြစ်ခဲ့ပါတယ်။ မီဒီယာနဲ့သူ စကားမပြောချင်ပါဘူး။ လက်ပတ်ကို သူ့ဆီကနေ ယူခွင့်ရလိုက်တာ ကောင်းပါတယ်။

ကျွန်တော်တို့ တစ်ဦးချင်းစီ ဒီနည်းလမ်းအတိုင်းရပ်တည်ပါတယ်။ သူ့အနေနဲ့ အခုအခြေအနေကို ခံစားချက်ကောင်းတယ်ဆိုရင် အဲ့တာက ကျွန်တော်တို့ အကောင်းဆုံးလုပ်နိုင်တာပါ”လို့ ပက်စ်ဗာက ပြောကြားခဲ့ပါတယ်။ ပက်စ်ဗာဘက်က ဟန်ဒါဆန်အခြေအနေကိုပြောပြခဲ့ပေမယ့် နယ်သာလန်ဂန္ထဝင်ဟောင်း ဒီဘိုးဝါး နဲ့ ရှနိုက်ဒါတို့က လီဗာပူးအသင်းခေါင်းဆောင်ဟောင်းရဲ့ဆုံးဖြတ်ချက်ကို မကျေနပ်ခဲ့တာဖြစ်ပါတယ်။

“ဒါက လုံး၀ အဓိပ္ပာယ်မရှိတာပါ။ ဟန်ဒါဆန်က ပွဲအပေါ်အာရုံစိုက်ချင်ပေမယ့် သူပွဲမတိုင်ခင် ကင်မရာရှေ့မှာ ပေါ်မလာခဲ့ပါဘူး။ ကျွန်တော် ပက်စ်ဗာလုပ်ခဲ့တာကို နားလည်ပါတယ်။ ဒါပေမယ့် အဲ့တာက မဖြစ်သင့်တာပါ။ ဟန်ဒါဆန်အနေနဲ့ အခြေအနေတွေကို ပြန်လည်တုံ့ပြန်ချင်စိတ်မရှိပါဘူး”လို့ ဒီဘိုးဝါးက ပြောကြားခဲ့ပါတယ်။ ဂါလာတာစာရေးနဲ့ပွဲမှာ ပြဿနာတွေဖြစ်ခဲ့ပေမယ့် ဟန်ဒါဆန်ကတော့ အသင်းမှာရာသီကုန်အထိ ဆက်နေမှာဖြစ်ပါတယ်။

အဲ့နောက် အဆိုပါဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ဟန်ဒါဆန်က အေဂျက်ဒါရိုက်တာ အဲလက်စ် နဲ့ အသင်းကို တောင်းပန်ခဲ့ပါတယ်။ လီဗာပူးစတားဟောင်းဟာ အခုဆောင်းဈေးကွက်မှာ အေဂျက်ကနေ မိုနာကိုအသင်းထံပြောင်းနိုင်ချေရှိတယ်လို့ သတင်းထွက်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အေဂျက်ဘက်က သူတို့အသင်းခေါင်းဆောင်ကို ရာသီအလယ်မှာ လက်လွှတ်ဖွယ်မရှိတာဖြစ်ပါတယ်။