The network connection is lost.

Banner Image

အင်တာမိုင်ယာမီစတားရဲ့စွမ်းဆောင်ရည်ကို မာရှေးယာနို ချီးကျူး

နက်ရှ်ဗီလီအသင်းကို ၅-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ မက်ဆီရဲ့စွမ်းဆောင်ရည်ကို အင်တာမိုင်ယာမီနည်းပြ မာရှေးယာနိုက ချီးကျူးလိုက်ပါတယ်။ အာဂျင်တိုင်သားဟာ လက်ရှိ ၂၉ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး လိဂ်ရဲ့အကောင်းဆုံးကစားသမားဆုကိုရယူနိုင်ဖို့ နီးစပ်နေပါတယ်။

နက်ရှ်ဗီလီ နဲ့ အင်တာမိုင်ယာမီတို့ဟာ ခြေစစ်ပွဲပထမအဆင့်မှာ နောက်တစ်ကြိမ်တွေ့ဆုံဦးမှာဖြစ်ပါတယ်။ အင်တာမိုင်ယာမီနည်းပြကတော့ မက်ဆီရဲ့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး လက်ရှိမှာလည်း မက်ဆီဟာ မေဂျာလိဂ်ဂိုးဖန်တီးမှုစာရင်းမှာ ၁၉ ဂိုးနဲ့ ဦးဆောင်နေပါတယ်။

“မက်ဆီရဲ့အရှိတရားကိုက ထူးခြားနေတာပါ။ သူ့မှာအမြဲတမ်းရှိနေတဲ့အရာပါ။ သူ့ရဲ့ပုံမှန်ရာသီအကြောင်း သံသယရှိနေမယ်ဆိုရင် အားလုံးကို သူရှင်းလင်းနိုင်ခဲ့ပါပြီ။ သူက သေချာပေါက် အကောင်းဆုံးကစားသမားဆုရပါလိမ့်မယ်။ အခုရလဒ်ကြောင့် အင်တာမိုင်ယာမီဟာ Eastern Conference လိဂ်ရဲ့တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ကာ နက်ရှ်ဗီလီနဲ့ ခြေစစ်ပွဲပထမအဆင့်မှာ ပြန်ဆုံရဦးမှာဖြစ်ပါတယ်။

“ဆင်ဆင်နက်တီအသင်းအနိုင်မရခဲ့ဖို့ မျှော်လင့်ခဲ့ပေမယ့် မဖြစ်လာခဲ့ပါဘူး။ သောကြာနေ့မှာ ကျွန်တော်တို့ နက်ရှ်ဗီလီနဲ့နောက်တစ်ကြိမ်ရင်ဆိုင်ရမှာပါ။ ဒီလိုအခိုက်အတန့်အတွက်တစ်ရာသီလုံးကစားခဲ့တာပါ။

ကျွန်တော်တို့ ကိုယ့်ကိုကိုယ်အရူးမလုပ်ရမယ့်အချိန်ပါ။ အခုချိန်က အဆုံးအဖြတ်ကာလကိုရောက်နေပါပြီ။ အခိုက်အတန့်တိုင်းကို ရေတွက်နေတာပါ။ ကျွန်တော်တို့ ဒီလိုအမှားတွေနောက်တစ်ကြိမ်မလုပ်သင့်တော့ပါဘူး”လို့ မာရှေးယာနိုက ပြောကြားခဲ့ပါတယ်။ မက်ဆီအနေနဲ့ အခုရာသီရဲ့အကောင်းဆုံးကစားသမားဆုရခဲ့မယ်ဆိုရင် မေဂျာလိဂ်သမိုင်းတစ်လျှောက် အဆိုပါဆုကို ၂ ကြိမ်ဆက်ရရှိတဲ့ပထမဆုံးကစားသမားဖြစ်လာမှာဖြစ်ပါတယ်။