The network connection is lost.

Banner Image

အသက် ၁၇ နှစ်သားလေးရဲ့စွမ်းဆောင်ရည်ကို ဟယ်ရီကိန်း ချီးကျူး

ဘရုဂျက်အသင်းကို ၄-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဘိုင်ယန်အတွက် ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့တဲ့ အသက် ၁၇ နှစ်သား ကာရယ်ရဲ့စွမ်းဆောင်ရည်ကို ကိန်းက လူမှုမီဒီယာကနေ ဂုဏ်ပြုလိုက်ပါတယ်။ အင်္ဂလန်သားက ကာရယ်အနေနဲ့ အခုညကိုမှတ်မိနေသင့်သလို အခုစွမ်းဆောင်ရည်အတိုင်း ဆက်လက်ကြိုးစားဖို့ တိုက်တွန်းခဲ့ပါတယ်။

ဘိုင်ယန်ကွင်းလယ်လူ ကာရယ်က ချန်ပီယံလိဂ်ပွဲဦးထွက်မှာ အသင်းအတွက် ပထမဆုံးဂိုးကိုသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဆယ်ကျော်သက်စတားလေးဟာ အဆိုပါဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အသက် ၁၇ နှစ် နဲ့ ၂၄၂ ရက်သာရှိနေတာဖြစ်ပြီး ဂျာမနီ နဲ့ ဘိုင်ယန်ရဲ့အသက်အငယ်ဆုံးဂိုးသွင်းသူဖြစ်လာခဲ့ပါတယ်။ အဆိုပါပွဲအတွင်းစွမ်းဆောင်ရည်ကြောင့် အသက် ၁၇ နှစ်သားဟာ ကစားသမားတွေအပြင် ဘောလုံးကျွမ်းကျင်သုံးသပ်သူတွေရဲ့ချီးကျူးမှုအများအပြားကိုရရှိခဲ့တာဖြစ်ပါတယ်။

ကိန်းကလည်း ပွဲအပြီးမှာ အင်စတာဂရမ်ကနေ “တကယ့်ကိုထူးချွန်ပြောင်မြောက်တဲ့ညတစ်ညဖြစ်ခဲ့ပါတယ်။ ကာရယ်ကို ဂုဏ်ပြုချင်သလို သူ့အတွက် အမှတ်ရနေမယ့် ညတစ်ညပါ။ ဒီအရှိန်အဟုန်ကို ဆက်ထိန်းထားပါ”လို့ ဖြေကြားခဲ့ပါတယ်။ ဘရုဂျက်ကိုအနိုင်ရပြီးနောက် ဘိုင်ယန်ဟာ ဒီရာသီပြိုင်ပွဲစုံ ၁၂ ပွဲဆက်အနိုင်ရရှိထားခဲ့ပြီဖြစ်ပါတယ်။ ဘိုင်ယန်အတွက်ဂိုးတွေကို ကာရယ် ၊ ကိန်း ၊ ဒီယက်ဇ် နဲ့ ဂျက်ဆင်တို့က သွင်းယူပေးခဲ့ပါတယ်။ 

ကိန်းအတွက်တော့ အခုပွဲကသွင်းဂိုးဟာ အချက်အလက်တွေအရ ဒီရာသီပြိုင်ပွဲစုံ ၁၂ ပွဲမှာ ၂၀ ဂိုးအထိသွင်းယူထားနိုင်ခဲ့တာဖြစ်ပြီး မက်ဆီ နဲ့ ရော်နယ်ဒိုတို့ထက် ဂိုး ၂၀ အမြန်ပြည့်တဲ့စံချိန်ကို တင်နိုင်ခဲ့ပါတယ်။ ကွန်ပနီလက်အောက်မှာ ကိန်းဟာာ စွမ်းဆောင်ရည်ကောင်းတွေပြသလာနိုင်တာဖြစ်ပြီး အသင်းဖော်တွေအတွက်လည်း ဦးဆောင်နိုင်တဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။

ကာရယ်ဟာ လာမယ့်စနေနေ့ မိုချန်ဂလာဘတ်နဲ့ပွဲမှာလည်း အခုစွမ်းဆောင်ရည်ကိုဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဘိုင်ယန်ဟာ လက်ရှိပြည်တွင်းအမှတ်ပေးဇယားမှာ ၅ မှတ်ဖြတ်ကာ ဦးဆောင်နေသလို လာမယ့်စနေနေ့ပွဲမှာလည်း ၃ မှတ်ပြည့်ရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။