The network connection is lost.

Banner Image

မန်စီးတီးရဲ့စစ်မှန်တဲ့စွမ်းအားကို လက်ခံဖို့ ယူနိုက်တက်ကို သတိပေးလိုက်တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက သူ့အသင်းရဲ့စစ်မှန်တဲ့စွမ်းအားကိုလက်ခံဖို့ ယူနိုက်တက်ကို သတိပေးပြောကြားလာခဲ့ပါတယ်။ လက်ရှိအချိန်မှာ မန်စီးတီးဟာ အင်္ဂလိပ်ဘောလုံးလောကမှာရော ဥရောပဘောလုံးလောကမှာပါ ယူနိုက်တက်ဟာ သိသိသာသာ သာလွန်ကောင်းမွန်နေပြီး ဆုဖလားတွေလည်း နှစ်စဉ်ရယူထားနိုင်တာဖြစ်ပါတယ်။ 

ဒါကြောင့် မန်ချက်စတာဒါဘီပွဲစဉ်မတိုင်ခင်မှာ ယူနိုက်တက်အနေနဲ့ သူတို့ဟာ မန်စီးတီးထက်နိမ့်ကျတဲ့အသင်းဖြစ်တယ်ဆိုတာကို လက်ခံဖို့အတွက် ဂွါဒီယိုလာက သတိပေးလာခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အသင်းရဲ့ ၂၇ ရာခိုင်နှုန်းကို ဝယ်ယူခဲ့တဲ့ ဆာဂျင်ရက်ကလစ်ဖ်လက်အောက်မှာ အိုးလ်ထရက်ဖို့ဒ်အသင်းဟာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး မန်စီးတီးအသင်းရဲ့ ဘောလုံးအမှုဆောင်ချုပ် အိုမာဘရာဒါကိုလည်း အသင်းရဲ့ စီအီးအိုအဖြစ် ခေါ်ယူခန့်အပ်ခဲ့တာဖြစ်ပါတယ်။ 

သို့သော်လည်း ရက်ကလစ်ဖ်ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်ကို မန်စီးတီးကအနိုင်ယူခဲ့ပြီးနောက်မှာ ပက်ဂွါဒီယိုလာရဲ့အသင်းဟာ သမိုင်းတစ်လျှောက်အကောင်းဆုံးအသင်းဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ယခုအခါမှာတော့ ဂွါဒီယိုလာက အဆိုပါမှတ်ချက်တွေက ဂုဏ်ပြုမှုတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ယူနိုက်တက်အနေနဲ့ အမှန်တရားကို ရိုးရိုးသားသားလက်ခံမှသာ တိုးတက်မှုရှိလာမှာဖြစ်တယ်လို့ ထောက်ပြပြောဆိုလာခဲ့ပါတယ်။ 

ဂွါဒီယိုလာက “တိုးတက်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက ဖြစ်ပျက်ခဲ့တဲ့အရာတွေကို အမှန်အတိုင်း သိမြင်ဖို့ပါပဲ။ ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသားနဲ့လက်ခံပြီး ကိုယ်လုပ်နေတဲ့အရာကို မှန်ကန်အောင်လုပ်မှသာ နောက်တစ်ဆင့်ကိုတက်နိုင်မှာပါ”“ကိုယ်ကမကောင်းဘူးဆို မကောင်းဘူးလို့မြင်ပါ။ ကိုယ်ကဆိုးနေရင်လည်း ဆိုးနေတယ်လို့မြင်ရပါမယ်။ ဒါက ကျွန်တော်တို့ ကြုံတွေ့ခဲ့တဲ့အရာပါ။ လက်မခံလို့မရပါဘူး။ သူတို့အနေနဲ့ သူတို့ကိုယ်သူတို့ ကျွန်တော်တို့ထက် နောက်ရောက်နေတယ်ဆိုတာကို လက်ခံမှသာ ပြန်လာဖို့အတွက် တည်ဆောက်မှုတွေပြုလုပ်နိုင်မှာပါ” 

“အသင်းရဲ့ဌာနအားလုံးမှာ အမြဲတမ်းပိုကောင်းအောင်လုပ်နိုင်ဖို့လိုပါတယ်။ သူတို့က ခင်ဗျားကို ဒီနေရာကနေ ဆွဲထုတ်ချင်နေကြတာပါ။ မန်နေဂျာတွေ၊ ကစားသမား၊ ဝန်ထမ်းတွေတင်မကပါဘူး။ အသင်းမှာရှိတဲ့လူတိုင်းက ခင်ဗျားကို ဆွဲထုတ်ချင်နေကြတယ်ဆိုတာ သိထားရပါမယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးတောင်းဆိုဖို့လိုအပ်သလို သူတို့ကိုယ်တိုင်လည်း သူတို့ကိုယ်သူတို့ အကောင်းဆုံးတောင်းဆိုဖို့လိုပါတယ်” လို့ပြောကြားခဲ့ပါတယ်။