The network connection is lost.

Banner Image

ကီဗင်ဖီးလစ်ကို overweight လို့ပြောမိတဲ့အတွက် တောင်းပန်ခဲ့တဲ့ ဂွါဒီယိုလာ

ကာတာကမ္ဘာ့ဖလားကနေပြန်လာပြီးနောက် ကီဗင်ဖီးလစ်ကို overweight လို့ပြောမိခဲ့တဲ့အတွက် မန်စီးတီးနည်းပြ ဂွါဒီယိုလာက တောင်းပန်လိုက်ပါတယ်။
 
၂၀၂၂ ဒီဇင်ဘာတုန်းက အဆိုပါမှတ်ချက်ကို ပြောကြားခဲ့တာဖြစ်ပြီး လီဗာပူးနဲ့ပွဲမှာ ဖီးလစ်တစ်ယောက် လူစာရင်းကနေ ဘာကြောင့်ဖယ်ရှားခံခဲ့ရလဲဆိုတာ ရှင်းပြခဲ့ပါတယ်။ ဖီးလစ်က အဆိုပါမှတ်ချက်ဟာ သူ့ရဲ့ယုံကြည်မှုကိုထိခိုက်စေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
 
“ကျွန်တော် တောင်းပန်ပါတယ်။ သူ့ကိုလည်း တောင်းပန်မှာပါ။ ကျွန်တော် အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော် အဲ့လိုမျိုးပြောခဲ့ပါတယ်။ ကစားသမားကို အသိမပေးပဲ မီဒီယာကို အခုလိုမျိုးဘယ်တုန်းကမှ မပြောခဲ့ပါဘူး”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
 
ဖီးလစ်ဟာ လက်ရှိအချိန်မှာတော့ ဝက်စ်ဟမ်းအသင်းမှာ အငှားထွက်ကစားနေပြီး ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပါတယ်။ လိဒ်စတားဟောင်းဟာ ဘုန်းမောက်ကို ၁-၁ သရေကျတုန်းက အမှားများခဲ့သလို ယူနိုက်တက်ကို ၃ ဂိုးပြတ်အရေးနိမ့်တုန်းကလည်း ပေးဂိုးပေးလိုက်ရတဲ့အတွက် တာဝန်ရှိခဲ့တာဖြစ်ပါတယ်။
 
ဒါ့အပြင် နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာလည်း ၂ ဝါ ၁ နီနဲ့အထုတ်ခံခဲ့ရပါတယ်။