The network connection is lost.
မန်စီးတီးနည်းပြ ဂွါဒီယိုလာက ၂၀၂၅ ခုနှစ်မှာ အသင်းကနေ ထွက်ခွာနိုင်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
စပိန်သားဟာ ၂၀၁၆ တုန်းက စီးတီးကို ပြောင်းလာခဲ့တာဖြစ်ပြီး အဲ့ကတည်းက အောင်မြင်မှုတွေရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ဦးဆောင်မှုအောက်မှာ စီးတီးဟာ ဆုဖလား ၁၅ လုံးအထိ ရယူထားနိုင်ခဲ့ပြီး အဲ့ထဲမှာ ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်လည်း ပါဝင်နေပါတယ်။
သမိုင်းဝင်အောင်မြင်မှု ရယူနိုင်ခဲ့ပြီးနောက် အသက် ၅၃ နှစ်သားကို စီးတီးတာဝန်ရှိသူတွေက ဆက်ထိန်းထားချင်နေပေမယ့် ထွက်ခွာနိုင်ချေများနေတာ ဖြစ်ပါတယ်။ ဂွါဒီယိုလာနဲ့နီးကပ်တဲ့ ဆက်ဆံရေးအနေအထားရှိတဲ့ စီးတီးဒါရိုက်တာ ဘီဂရစ်စတိန်းကတော့ သူ့ကိုလွတ်လွတ်လပ်လပ်ဆုံးဖြတ်ခွင့်ပေးထားတယ်လို့ ဆိုပါတယ်။
ESPN ရဲ့အဆိုအရ ဂွါဒီယိုလာဟာ လာမယ့် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားတိုးချဲ့မှုကြောင့် ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဝက်စ်ဟမ်းကို ၃-၁ နဲ့ အနိုင်ရပြီးနောက် ဂွါဒီယိုလာက သူ့အနေနဲ့အသင်းမှာဆက်နေဖို့ထက် ထွက်ခွာနိုင်ချေများနေတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
ဂွါဒီယိုလာဟာ စီးတီးကနေ ထွက်ခွာပြီးနောက် အခြားကလပ်အသင်းတစ်သင်းထက် နိုင်ငံအသင်းတစ်သင်းကိုသာ ကိုင်တွယ်ချင်နေတယ်လို့ သိရပါတယ်။ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမတိုင်ခင် စပိန်သားက သူ့ရဲ့ဆန္ဒပြည့်ဝအောင် လုပ်ဆောင်ချင်နေပါတယ်။ စီးတီးကတော့ ဂွါဒီယိုလာနေရာမှာ အစားထိုးမယ့်သူ ရှာဖွေရဖွယ်ရှိနေပြီး အချိန်တော်တော်ယူရဖွယ်ရှိနေပါတယ်။
ဂွါဒီယိုလာမရှိတော့တဲ့အချိန်က အပြောင်းအလဲအတွက် အရေးပါလာဖွယ်ရှိနေပြီး ပြန်လည်တည်ဆောက်မှုအပြင် အတွေးအခေါ်ပိုင်းဆိုင်ရာပါ ပြောင်းလဲရဖို့များနေပါတယ်။