The network connection is lost.
ဂျက်ဂရီးလစ်ရှ်ဟာ ကိုပင်ဟေဂင်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပေါင်ခြံဒဏ်ရာရရှိခဲ့ပြီးနောက် သုံးပတ်အထိ အနားယူနိုင်ဖွယ်ရှိကြောင်း သတင်းများက ဖော်ပြထားပါတယ်။
အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ ပထမပိုင်းတွင် ခြေချော်လက်ချော်ဖြစ်ပြီး ကွင်းထဲတွင် ဆက်ရှိကစားနိုင်ရန် အစွမ်းကုန်ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် မကစားနိုင်တော့ကြောင်း ဝန်ခံခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ကြွက်သားဒဏ်ရာ ရရှိခဲ့ပြီး ပြန်လည်ကောင်းမွန်လာနိုင်ဖို့ ရက်သတ္တပတ် နှစ်ပတ်မှ သုံးပတ် ကြာနိုင်တယ်လို့ The Telegraphက ဖော်ပြခဲ့ပါတယ်။
အဆိုပါကြာချိန်ဟာ အင်္ဂလန်၏နောက်ထပ်နိုင်ငံတကာခြေစမ်းပွဲများဖြစ်တဲ့ မတ်လ ၂၃ ရက်နေ့မှာ စတင်မယ့် ဘရာဇီး၊ ဘယ်လ်ဂျီယံတို့နှင့်ပွဲစဉ်များအတွက် ဂရီးလစ်ရှ်အဖို့ အချိန်မီစေမှာဖြစ်ပါတယ်။ ဂရီးလစ်ရှ်ဟာ မန်စီးတီးရဲ့ဥရောပနိုင်ပွဲအတွင်း မြက်ခင်းပြင်သို့ လက်သီးဖြင့်ထိုးကာ ဒဏ်ရာကို ပထမဆုံးသတိပြုမိပြီးနောက် ဆက်လက်ကစားရန်ကြိုးစားခဲ့သော်လည်း စက္ကန့် ၉၀ အကြာတွင် လူစားလဲဖို့ လိုအပ်ခဲ့တာဖြစ်ပါတယ်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဂရီးလစ်ရှ်ဟာ စိတ်ရှုပ်ထွေးနေတဲ့အတွက် ဆေးကုသမှုခံယူဖို့ ဥမင်လိုဏ်ခေါင်းအောက်ကို ဆင်းလာစဉ် နှစ်သိမ့်စကားတွေ ပြောပေးနေခဲ့ပါတယ်။ သူ့ရဲ့ပြန်လည်ကောင်မွန်လာမယ့် ကြာချိန်က မန်စီးတီးပရိသတ်တွေနဲ့ ပြီးခဲ့တဲ့ရာသီက စွမ်းဆောင်ရည်ကောင်းတွေရရှိဖို့ ရုန်းကန်ခဲ့ရတဲ့ ကစားသမားအတွက် သတင်းကောင်းဖြစ်ပါတယ်။
မန်စီးတီးအနေနဲ့ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်နေရဆဲဖြစ်တာကြောင့် တောင်ပံကစားသမားရဲ့ ဒဏ်ရာက အချိန်ကြာကြာအနားယူရမှာကို အစပိုင်းမှာ စိုးရိမ်မှုများရှိခဲ့ပါတယ်။ အင်္ဂါနေ့က ကိုပင်ဟေဂင်ကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဂရီးလစ်ရှ်ဟာ တစ်လကျော်အတွင်း ဂွါဒီယိုလာရဲ့ပွဲထွက်စာရင်းမှာ ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်ပါတယ်။
နွေရာသီမှာ ရောက်ရှိလာတဲ့ ဒိုကူကြောင့် ပွဲထွက်စာရင်းမှာ မပါဝင်ခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ ဆုဖလား ၃ လုံး ရရှိခဲ့တဲ့ မန်စီးတီးရဲ့ ပွဲထွက်ကစားသမားဖြစ်တဲ့ ဂရီးလစ်ရှ်အဖို့ စိတ်ပျက်စရာဖြစ်ခဲ့ရတာပါ။ ပြိုင်ပွဲအတွက်လူစာရင်းအား ဆောက်ဂိတ်က ပြင်ဆင်နေချိန်တွင် အင်္ဂလန်ရဲ့ လာမယ့်ဥရောပချန်ပီယံရှစ်အသင်းတွင် တောင်ပံကစားသမားရဲ့ နေရာနှင့်ပတ်သက်ပြီး မေးခွန်းများရှိနေပါတယ်။
ဂရီးလစ်ရှ်ဟာ နောက်ဆုံးအဓိက ပြိုင်ပွဲနှစ်ခုတွင် အင်္ဂလန်အတွက် အဓိကကျတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ထပ်မံခြေစွမ်းပြသနိုင်ရန်မျှော်လင့်ထားသော်လည်း အရန်ကစားသမားအဖြစ်သာ ပါဝင်ရဖွယ်ရှိနေပါတယ်။