The network connection is lost.

Banner Image

လက်စတာနဲ့ပွဲအတွက် လီဗာပူးက နောက်ထပ်အားပေးမှုတွေမလိုဘူးလို့ ပြောကြားလိုက်တဲ့ ဂတ်ပို

ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ဆက်လက်ဦးဆောင်နိုင်ဖို့ ရည်ရွယ်ထားတာကြောင့် လီဗာပူးအနေနဲ့ နောက်ထပ်အားပေးမှုတွေမလိုအပ်ဘူးလို့ ဂတ်ပိုက ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တော့တင်ဟမ်ကို ၆-၃ ဂိုးဖြင့် အနိုင်ရရှိကာ ပြိုင်ပွဲစုံ ရှုံးပွဲမရှိခြင်းက ၂၁ ပွဲအထိ ဆက်နိုင်ခဲ့တာဖြစ်ပြီး ဖူလ်ဟမ်နှင့် သရေကျခဲ့ပြီးနောက် နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။

လီဗာပူးပါ တစ်ပွဲလျော့ဖြင့် အမှတ်ပေးဇယားရဲ့ထိပ်ကနေ ၄ မှတ်ဖြတ်ထားပြီး ကစားသမားတွေဟာ ပွဲကစားရတာကို ပျော်ရွင်နေကြပါတယ်လို့ ဂတ်ပိုက ပြောကြားလိုက်ပါတယ်။ "ဒါကို ဘယ်သူကမှ မစောင့်ချင်ကြပါဘူး။ အနိုင်ရရှိအောင်လုပ်ဖို့ ကျွန်တော်တို့က စိတ်အားထက်သန်နေကြပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါပဲ"

"နောက်ထပ်အားပေးမှုဆိုတာက မလိုအပ်ပါဘူး။ ဒီရာသီ ပြိုင်ပွဲတိုင်းရှိ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို ကောင်းကောင်သိပြီး ဒါဟာ ပွဲတွေကို အနိုင်ရရှိရမယ်လို့ ဆိုလိုနေတာပါ" "တစ်ပွဲပြီးတစ်ပွဲ ဟန်ချက်ညီနေတာကို ကျွန်တော် သဘောကျပါတယ်။ လက်ရှိမှာ ကျွန်တော်တို့က ကောင်းမွန်တဲ့ အခိုက်တန့်မှာရှိနေတာဖြစ်ပြီး ပိုပြီး ပျော်ဖို့ကောင်းနေပါတယ်။ ကစားသမားတိုင်းကတော့ ပွဲစဉ်တွေ များသထက်များများ ကစားနိုင်ဖို့အတွက် အိပ်မက်မက်နေကြတာပါ" လို့ ဂတ်ပိုက ပြောပါတယ်။

နစ္စတယ်ရွိုင်းက လက်စတာကို ပထမဆုံးကိုင်တွယ်ခဲ့တဲ့ ၂ ပွဲကို အနိုင်ရရှိခဲ့သော်လည်း နောက်ဆုံး ၂ ပွဲကိုတော့ ရှုံးနိမ့်ထားပါတယ်။ ဒါကြောင့် တန်းဆင်းဇုန်ရဲ့အထက် ၂ မှတ်အကွာဖြင့် ရပ်တည်နေပြီး လက်ရှိရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၆ ဂိုးအထိသွင်းထားတဲ့ တိုက်စစ်မှူး ဗာဒီက ဒဏ်ရာရရှိနေတာကြောင့် အင်္ဂလန်သား မပါဝင်ဘဲ လက်စတာက ကစားရမှာဖြစ်ပါတယ်။

သို့သော်လည်း နယ်သာလန်းသားနည်းပြကတော့ ခက်ခဲတဲ့အလုပ်ကိုတော့ ကြောက်ရွံ့နေမှာ မဟုတ်ပါဘူး။ "ဝုဗ်ကို ရှုံးနိမ့်ပြီးကတည်းက အသင်းသားတွေရဲ့စိတ်ဓာတ်က ကောင်းနေပါပြီ။ ကျွန်တော်တို့ ဘယ်နေရာမှာရှိနေသလဲဆိုတာ သိပါတယ်" "ပွဲစဉ် ၄ ပွဲကနေ အပြုသဘောဆောင်တဲ့ ရလဒ်အချို့ ရရှိခဲ့ပါတယ်။ နောက်ဆုံး ၂ ပွဲက ရှုံးနိမ့်ထားတာဖြစ်ပေမယ့် ကျွန်တော်တို့က ရှေ့ကိုပဲ ကြည့်ပြီး လုပ်ဆောင်သွားမှာပါ"

"ရာသီက ရှည်လျားတာကို ကျွန်တော်တို့ နားလည်ထားပြီး ရာသီကုန်အထိ တိုက်ပွဲဝင်သွားကာ ဒီလိဂ်မှာ ကစားဖို့ ထိုက်တန်တယ်ဆိုတာ ပြသသွားမှာပါ" လို့ နစ္စတယ်ရွိုင်းက ပြောပါတယ်။

စောင့်ကြည့်ရမည့် ကစားသမား

လီဗာပူး - ဆာလက်
ဆာလက်ဟာ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ် ၁၄၁ ပွဲမှာ ၉၉ ဂိုး (ချဲလ်ဆီး ၂ ဂိုး၊ လီဗာပူး ၉၇ ဂိုး) သွင်းယူပေးထားပါတယ်။ ဒီပွဲမှာသာ ဂိုးထပ်သွင်းမယ်ဆိုရင်တော့ အိမ်ကွင်းမှာ ဂိုး ၁၀၀ ကျော်သွင်းယူတဲ့ ၈ ဦးမြောက် ကစားသမားဖြစ်လာမှာပါ။ ဘောက်ဆင်ဒေးမှာ လက်ရှိအချိန်အထိ မည်သည့်ပရီးမီးယားလိဂ်ကစားသမားကမှ သူ့လောက် ဂိုးပါဝင်ပတ်သက်မှုမရှိနေတာလည်းဖြစ်ပါတယ်။

လက်စတာစီးတိး - ဗာဒီ
ဗာဒီဟာဆိုရင် လီဗာပူးဘက်သို့ ပရီးမီးယားလိဂ်သွင်းဂိုး ၈ ဂိုးသွင်းယူထားပြီး အန်ဒရူးကိုးလ် (၁၁ ဂိုး) နှင့် ကိန်း (၉ ဂိုး) တို့ ၂ ဦးကသာ သူ့ထက် ပိုများနေတာ ဖြစ်ပါတယ်။ အသက် ၃၇ နှစ်နှင့် ရက်ပေါင်း ၃၅၀ ရှိနေပြီ ဖြစ်တဲ့ ကစားသမားဟာ ကြံ့ခိုင်မှုပြည့်ဝပြီး အန်ဖီးလ်မှာ ဂိုးသွင်းယူနိုင်ခဲ့မယ်ဆိုရင် လီဗာပူးဘက်သို့သွင်းယူတဲ့ အသက်ကြီးဆုံး ကစားသမားဖြစ်လာမှာပါ။

ပွဲအတွက် ခန့်မှန်းချက် - လီဗာပူး အနိုင်

၁၉၉၇ ခုနှစ်နှင့် ၂၀၀၀ ခုနှစ်ကြားမှာ ၃ ပွဲဆက် ရှုံးနိမ့်ပြီးနောက် လက်စတာနှင့် နောက်ဆုံးကစားထားတဲ့ ၁၂ ပွဲမှာ လီဗာပူးက ၁၀ ပွဲနိုင် ၂ ပွဲသရေကျထားတာဖြစ်ပါတယ်။ လက်စတာကတော့ လီဗာပူးနှင့်ကစားထားတဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ၁၂ ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိထားပါတယ်။ လက်ရှိတစ်ပွဲအပါအဝင် သူတို့ဟာ ၃ ပွဲဆက် ရှုံးနိမ့်ထားပြီး ၁၉၈၇ ခုနှစ် နှင့် ၁၉၉၆ ခုနှစ်ကြားမှာ ၄ ပွဲဆက် ရှုံးနိမ့်ခြင်း မရှိခဲ့တာဖြစ်ပါတယ်။

ပြိုင်ပွဲစုံ နောက်ဆုံး ၂၁ ပွဲမှာ လီဗာပူးက ရှုံးပွဲမရှိသေးပါဘူး။ သူတို့ရဲ့ ရှုံးပွဲမရှိအရှည်ကြာဆုံး စံချိန်က ၂၅ ပွဲဖြစ်ပြီး ၂၀၂၁ ခုနှစ် ဧပြီလ နှင့် နိုဝင်ဘာလ အတွင်းမှာ ဖြစ်ပါတယ်။ ဘောက်ဆင်ဒေးမှာ ကစားတဲ့ နောက်ဆုံး လိဂ်ပွဲ ၇ ပွဲမှာ နိုင်ပွဲရရှိထားပြီး အင်္ဂလန်ရဲ့ထိပ်တန်း ၄ သင်းထဲမှာ အရှည်ကြာဆုံး စံချိန်တင်ထားတဲ့ အသင်းဖြစ်ပါတယ်။ သူတို့ဟာ ဘောက်ဆင်ဒေး ၁၀ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိထားတဲ့ လက်စတာထက် နိုင်ပွဲရရှိဖို့ အခွင့်သာနေတာဖြစ်ပါတယ်။