The network connection is lost.

Banner Image

ပိုလန်နဲ့ပွဲက နယ်သာလန်ရဲ့ခြေစွမ်းကို ဘာစီလိုနာစတား ဝေဖန်

နယ်သာလန်ကွင်းလယ်လူ ဒီဂျောင်ကတော့ ပိုလန်ကို ၁-၁ သရေကျခဲ့ပြီးနောက် သူ့ရဲ့စိတ်ပျက်မှုကို ထုတ်ဖော်ပြောကြားလာပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ပိုလန်ကို ၁-၁ သရေကျခဲ့ပြီးနောက် နယ်သာလန်သားက သူ့ရဲ့စိတ်ပျက်မှုကို ပြောကြားလာခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမှာ နယ်သာလန်က ဒမ်ဖရိုင်းရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပိုလန်ရဲ့နောက်ကျချေပဂိုးကြောင့် ၁-၁ နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ပွဲအပြီးအင်တာဗျူးမှာ ဒီဂျောင်က သူ့အသင်းရဲ့ဒုတိယပိုင်းစွမ်းဆောင်ရည်ကို ဝေဖန်ပြောကြားခဲ့ပါတယ်။ အမှတ်လျော့ကျမှုကြောင့် နယ်သာလန်အနေနဲ့ အုပ်စု (G) မှာ ပထမနေရာကို ရမှတ်ဖြတ်ဦးဆောင်နိုင်မယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့ပြီး ဂိုးကွာခြားချက်ကြောင့်သာ ပထမနေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။ လက်ရှိအမှတ်ပေးဇယားမှာ ပိုလန် ၊ ဖင်လန်တို့နဲ့ ရမှတ် ၇ မှတ်စီတူညီနေပြီး ပိုလန်နဲ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှုအပြင် နယ်သာလန်က အခွင့်အရေးပိုရခဲ့တာဖြစ်ပါတယ်။

“နိုး။ ချေပဂိုးပေးရမယ့်အခြေအနေမျိုး ကျွန်တော်မမြင်ရပါဘူး။ ဒါပေမယ့် ဒုတိယပိုင်းမှာ ကျွန်တော်တို့ကစားပုံကျဆင်းလာခဲ့ပါတယ်။ ကျွန်တော် အဲ့လိုမျိုးမပြောချင်ပါဘူး။ သူတို့ကို ဖိအားတွေအောက်မှာဆက်ထားပြီး အခွင့်အရေးတွေဖန်တီးရမှာပါ။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ အနည်းငယ်ပဲ အောင်မြင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ပထမပိုင်းကထက် ဒုတိယပိုင်းမှာ ဘယ်အရာတွေပိုကောင်းလာလဲဆိုတာ ကျွန်တော်မသိပါဘူး။ တစ်ချို့အချိန်တွေမှာ ဘောလုံးပိုင်ဆိုင်မှုအသာရပါတယ်။ ဘောလုံးအပေါ်မှာလည်း ရွေးချယ်ခွင့်ရှိနေပါတယ်။

ဘောလုံးမရှိချိန်မှာ ဘယ်လိုနေရာယူမလဲဆိုတာလည်း သိရပါတယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာ သူတို့က တကယ့်ကိုအန္တရာယ်မပေးနိုင်ပါဘူး။ အဝေးကန်ချက်တွေလောက်ပဲရှိတာပါ။  ရလဒ်နဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုမရှိပါဘူး။ တကယ်လို့ အိမ်ကွင်းမှာ သရေကျခဲ့ရင် ခင်ဗျားအနေနဲ့ ဘယ်လိုမှစိတ်ကျေနပ်မှာမဟုတ်ပါဘူး။ ဒီလိုပွဲမျိုးမှာ ကျွန်တော်တို့ အနိုင်ကန်ရပါမယ်။ ခင်ဗျားကိုယ်ခင်ဗျား ယုံကြည်မှုအပြည့်ရှိနေရမယ်လို့ ထင်ပါတယ်”လို့ ဒီဂျောင်က ဖြေကြားခဲ့ပါတယ်။

နယ်သာလန်အနေနဲ့ လစ်သူယေးနီးယားအသင်းနဲ့ တနင်္ဂနွေနေ့မှာ ကန်ရမှာဖြစ်ပြီး ဒီဂျောင်က အသင်းထံကနေ မြင့်မားတဲ့စွမ်းဆောင်ရည်မျိုးတောင်းဆိုနေပါတယ်။ တကယ်လို့ခြေချော်ခဲ့မယ်ဆိုရင် နယ်သာလန်အနေနဲ့ ခြေစစ်ပွဲကန်ရဖို့များနေပါတယ်။