The network connection is lost.

Banner Image

ဒီဂျောင်ကို ရောင်းချဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာ နည်းပြဟန်ဆီဖလစ်ရဲ့ လက်အောက်မာ့ ပွဲထွက်ခွင့်နည်းပါးနေတဲ့ ဖရန်ကီ ဒီဂျောင်ကို လျှော့စျေးဖြင့် ရောင်းချရန် ပြင်ဆင်နေကြောင်း သတင်းများထွက်ပေါ်လျက်ရှိပါတယ်။

ကတ္တလန်ကလပ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဇွန် ၃၀ ရက် ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးရန် ကြိုးပမ်းခဲ့သော်လည်း Mundo Deportivo မှ ဖော်ပြချက်အရ ကစားသမားထံမှ တုံ့ပြန်မှုမရှိခြင်းကြောင့် သက်တမ်းတိုးရန်ကြိုးပမ်းမှုများကို ခေတ္တရပ်ဆိုင်းထားခဲ့ရပါတယ်။ ဒါက အသင်းမှာ သူ့ရဲ့ အနေအထားကို ပိုပိုပြီး မရေမရာ ဖြစ်စေခဲ့ပါတယ်။

ယခုအချိန်တွင် ဘာစီလိုနာရဲ့ ကွင်းလယ်မှာ ငယ်ရွယ်တဲ့ ပါရမီရှင်များဖြင့် ပြည့်နှက်နေပြီး ပွဲကစားချိန်အတွက် ဒီဂျောင်က ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ကာဆာဒို၊ ပက်ဒရီ၊ ဂါဗီ၊ လိုးပတ်ဇ် နှင့် အိုလမ်မို ကဲ့သို့သော ကစားသမားများ ပေါ်ထွက်လာခြင်းဟာ နယ်သာလန်နိုင်ငံသားအား ပွဲထွက်ခွင့်နည်းပါးစေခဲ့တာပါ။ လက်ရှိ ဒဏ်ရာကြောင့် အနားယူနေရတဲ့ မာ့ခ်ဘာနယ် ကတောင် အဓိက ကစားသမားအဖြစ် သတ်မှတ်ခံထားရပြီး ဒီဂျောင်ရဲ့ရှေ့မှာရှိနေပါတယ်။

 ဒီဂျောင်ရဲ့နည်းစနစ်ပိုင်းဆိုင်ရာ စွမ်းရည်တွေက မေးခွန်းထုတ်စရာမရှိသော်လည်း ဖလစ် တောင်းဆိုထားသောပြင်းထန်မှု မြင့်မားတဲ့ စွမ်းဆောင်ရည်များကို တစ်သမတ်တည်း မပြသနိုင်မှုကြောင့် စိုးရိမ်မှုများ မြင့်တက်လာခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် ကစားသမားကို အလွတ်ဖြင့်မဆုံးရှုံးစေရန် ရောင်းချဖို့လုပ်မှာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ကွင်းလယ်ကစားသမားအတွက် အနည်းဆုံး ပြောင်းရွှေ့ကြေး ယူရိုသန်း ၂၀ လောက် ရရှိမယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမယ့် ဒီဂျောင်က အပြောင်းအရွှေ့ကို ငြင်းဆန်ခဲ့မယ်ဆိုရင် ဘာစီလိုနာက သူ့ကို အရန်ခုံနေရာကနေ လျှော့ချခြင်းအပါအဝင် ပြင်းထန်တဲ့ အရေးယူမှုတွေ ချမှတ်နိုင်ပါတယ်။ သူဟာ နယ်သာလန်လက်ရွေးစင်အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရှိနေတာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုများကို သိသိသာသာအကျိုးသက်ရောက်စေနိုင်ပါတယ်။

ဘာစီလိုနာတွင် အခက်အခဲများရှိနေသော်လည်း ဒီဂျောင်ဟာ ဥရောပတစ်ဝှမ်း သို့မဟုတ် ဆော်ဒီအာရေဗျရှိ ကလပ်အသင်းများရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ဖွယ်ရှိနေပါတယ်။ သူ့အသက်အရွယ်နှင့်အတူ နိုင်ငံတကာအဆင့်တွင် သက်သေပြထားတဲ့ အရည်အသွေးကိုပါ ပေါင်းစပ်လိုက်မယ်ဆိုရင် ကွင်းလယ်အတွက် အင်အားဖြည့်တင်းလိုတဲ့ ကလပ်များအတွက် ဆွဲဆောင်မှုရှိတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်စေပါတယ်။ သို့သော်လည်း ဘာစီလိုနာရဲ့ တိုးတက်ပြောင်းလဲလာတဲ့ ဦးစားပေးကစားသမားတွေကြောင့် နယ်သာလန်သားရဲ့ ကစားသမားဘဝအတွက် ပြောင်းလဲလာသော လမ်းကြောင်းကို ညွှန်ပြနေပါတယ်။