The network connection is lost.

Banner Image

ပရီးမီးယားလိဂ်သို့ ပြန်လာချင်နေတဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီး ပစ်မှတ်ဟောင်း ဇာဟာ

ပဲလေ့စ်ကစားသမားဟောင်းဟာ ပြီးခဲ့တဲ့ရာသီကုန် စာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် ဆယ်ဟက်ပါ့ခ်မှထွက်ခွာခဲ့ပြီး အာဆင်နယ်၊ ချဲလ်ဆီး၊ ပီအက်စ်ဂျီနှင့် အယ်လ်နာဆာ အပါအဝင် ကလပ်အသင်းများစွာနှင့် ချိတ်ဆက်မှုများရှိခဲ့ပါတယ်။

နောက်ဆုံးမှာတော့ သူဟာ ဂါလာတာစာရေးကို ရွေးချယ်ခဲ့ပြီး အခုအချိန်အထိ တူရကီအသင်းကြီးအတွက် ၃၁ ပွဲကစားပြီး ၁၀ ဂိုးသွင်းထားကာ ၅ ဂိုးဖန်တီးပေးထားပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်အုပ်စုအဆင့် အိုးထရက်ဖို့ဒ်မှာကစားခဲ့တဲ့ အသင်းဟောင်း ယူနိုက်တက်နဲ့ပွဲမှာလည်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ အံ့အားသင့်ဖွယ် ချိတ်ဆက်မှုတစ်ခုရှိခဲ့ပြီး မကြာသေးခင်လတွေကမှ ပြောင်းရွှေ့ခဲ့တဲ့ ကလပ်ကနေ ထွက်ခွာလိုနေတာဖြစ်ပါတယ်။ ဒီနွေရာသီမှာ ဇာဟာက အသင်းပြောင်းလာနိုင်ကြောင်းနှင့် ပရီးမီးယားလိဂ်သို့ ပြန်လာဖို့ရှိနေပါတယ်လို့ talkSPORT က ဖော်ပြထားပါတယ်။

အက်စတွန်ဗီလာနှင့် ဝက်စ်ဟမ်းတို့သည် ပြီးခဲ့တဲ့ ရာသီကုန်တုန်းက အိုင်ဗရီကို့စ် လက်ရွေးစင်ကို စိတ်ဝင်စားခဲ့ပြီး အခွင့်အရေးရပါက ခေါ်ယူနိုင်ဖွယ်ရှိနေတာပါ။ ဗီလာနည်းပြ အူနိုင်းအမ်မရီဟာ ၂၀၁၉ ခုနှစ် အာဆင်နယ်တွင်ရှိစဉ် ဇာဟာကို ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ဂန်နာတွေဟာ ပဲလေ့စ်ရဲ့တောင်းဆိုမှုများကို မလိုက်လျောခဲ့ဘဲ နီကိုလပ်စ်ပီပီကို ကလပ်စံချိန်တင်ကြေး ပေါင် ၇၂ သန်းဖြင့် ခေါ်ယူခဲ့ပါတယ်။

အာဆင်နယ်နှင့် ချဲလ်ဆီးအသင်းတို့ဟာ အဆိုပါကစားသမားကို ခေါ်ယူဖွယ်မရှိသေး အာဆင်နယ်ကနေ တောင်ပံကစားသမားသစ်ရှာဖွေနေပြီး ဝုဗ်ကြယ်ပွင့် ပက်ဒရိုနေတိုက ဂန်းနားတွေရဲ့ ဆန်ကာတင်စာရင်းတွင် ပါဝင်နေပါတယ်။ ဇာဟာဟာ ပဲလေ့စ်အတွက် ၄၅၈ ပွဲကစား ဂိုးပေါင်း ၉၀သွင်းယူကာ ၇၆ ဂိုးဖန်တီးပေးခဲ့ပြီး ကလပ်သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။