
ဘဏ္ဍာရေးအခြေအနေကြောင့်အသင်းကနေထွက်ခွာဖို့ အစီအစဉ်မရှိတဲ့ လိုပက်ဇ်
ဘာစီလိုနာဘက်က ဘဏ္ဍာရေးအခြေအနေကြောင့် ရောင်းချနိုင်ချေရှိနေပေမယ့် လိုပက်ဇ်ကတော့ ဘာစီလိုနာကနေထွက်ခွာဖို့ အစီအစဉ်မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။ စပေါ့တ်သတင်းဌာနရဲ့အဆိုအရ ဘာစီလိုနာဟာ အခုနွေရာသီမှာ ဘဏ္ဍာရေးအခြေအနေကြောင့် ကစားသမားတွေကိုရောင်းချဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
ဇာဗီ နဲ့ ဖလစ်လက်အောက်မှာ တိုးတက်လာခဲ့ပေမယ့် အခြေအနေတွေက ရောင်းချရဖို့များနေပါတယ်။ လိုပက်ဇ်ကို တီကို ၊ ဘိုင်ယန် ၊ လီဗာပူးအပြင် အခြားအသင်းတော်တော်များများက စိတ်ဝင်စားနေပါတယ်။ ဘာစီလိုနာဘက်က လာလီဂါရဲ့စည်းမျည်းကြောင့် ကြီးမားတဲ့အပြောင်းအရွှေ့တစ်ခုလုပ်ဆောင်ရမှာဖြစ်ပြီး အခုလိုလုပ်ဆောင်မှသာ ဂါစီယာ နဲ့ နီကိုဝီလီယံတို့ကို မှတ်ပုံတင်နိုင်မှာဖြစ်ပါတယ်။
လိုပက်ဇ်ဟာ အရောင်းစာရင်းထဲမှာ ထိပ်တန်းကစားသမားအဖြစ် မပါဝင်ပေမယ့် ပေါင် ၄၂ သန်းလောက်ရရင် ရောင်းထုတ်ဖွယ်ရှိနေပါတယ်။ အသက် ၂၂ နှစ်သားဟာ ပြီးခဲ့တဲ့ရာသီတုန်းက အရန်ခုံမှာအထိုင်များခဲ့ပေမယ့် ဘာစီလိုနာအတွက် ၄၆ ပွဲပါဝင်ကစားခဲ့ပြီး ၈ ဂိုးသွင်း ၊ ၁၀ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ လာလီဂါနောက်ဆုံး ၅ ပွဲမှာတော့ ၃ ပွဲကို ပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့ပြီး ၃ ဂိုးသွင်းယူနိုင်ခဲ့သလို ဖလစ်ကလည်း သူ့ကိုယုံကြည်တာကြောင့် ဆက်နေချင်နေပါတယ်။
လိုပက်ဇ်ကိုယ်တိုင်ကလည်း အသင်းကနေထွက်ခွာဖွယ်မရှိပဲ ဖလစ်ရဲ့ထောက်ခံမှုနဲ့အတူ အသင်းမှာဆက်နေချင်နေပါတယ်။ တကယ်လို့ ဖလစ်ရဲ့အစီအစဉ်သာမပြောင်းလဲခဲ့ရင် လိုပက်ဇ်တစ်ယောက် အသင်းမှာဆက်နေရဖို့များနေပါတယ်။