The network connection is lost.

Banner Image

အာဆင်နယ် နဲ့ ရီးရဲလ်တို့ရဲ့ဒုတိယအကျော့ပွဲစဉ်ကို ခန့်မှန်းလိုက်တဲ့ ဖာဒီနန်

ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်က ရီးရဲလ်အသင်းရဲ့ဒုတိယအကျော့ပြန်လာနိုင်မှုကို မငြင်းဆန်ခဲ့ပေမယ့် အာဆင်နယ်ပဲ နောက်တစ်ဆင့်တက်နိုင်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။
အာဆင်နယ်ဟာ ပထမအကျော့တုန်းက ရီးရဲလ်ကို အိမ်ကွင်းမှာ ၃ ဂိုးပြတ်နဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ၂၀၀၉ နောက်ပိုင်းကတည်းက ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခြင်းမရှိတော့တာဖြစ်ပါတယ်။

မက်ဒရစ်ကတော့ အိမ်ကွင်းမှာ ပြန်လည်တုံ့ပြန်လာနိုင်ပေမယ့် အာဆင်နယ်က ဆီမီးဖိုင်နယ်ကိုတက်ရောက်နိုင်ဖို့ အခြေအနေကောင်းနေတာဖြစ်ပါတယ်။ ပထမအကျော့အပြီးမှာ အာတီတာက သူ့ကစားသမားတွေကို ဒုတိယအကျော့အတွက် ကြိုတင်သတိပေးထားခဲ့ပါတယ်။
အင်တာဗျူးတစ်ခုမှာ ဖာဒီနန်က “တကယ်လို့ မက်ဒရစ်အနေနဲ့ ဂိုးပထမဆုံးသွင်းယူနိုင်တယ်ဆိုရင် တစ်နာရီခွဲလောက်ကန်ရဦးမှာပါ။ အာဆင်နယ်ပဲ နောက်တစ်ဆင့်တက်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်ကိုယုံပါ။

အဲ့တာက အများကြီးဖြစ်နိုင်ပါတယ်။ နားထောင်ပါ။ အာဆင်နယ်ပဲ နောက်တစ်ဆင့်တက်နိုင်ပါလိမ့်မယ်။ သူတို့အများကြီးလုပ်ပြထားပြီးပါပြီ။ မက်ဒရစ်ကိုကြည့်လိုက်ရင် နောက်တစ်ရက်မှာ အချိတ်အဆက်မမိခဲ့သလို အသင်းကလည်း ဟန်ချက်ပျက်နေပါတယ်။ ဆာကာပြန်လာနိုင်တာက ကြီးမားတဲ့အရာဖြစ်ပြီး အာဆင်နယ်အတွက် အရာအားလုံးပြောင်းလဲစေပါတယ်။ တကယ်လို့ ဆာကာသာ မပါဝင်နိုင်ဘူးဆိုရင် သူတို့ ၃ ဂိုးပြတ်မယ်လို့ ကျွန်တော်မထင်ပါဘူး။
ဒါပေမယ့် အဲ့တာကြောင့်ထင်ပါတယ်။ အာဆင်နယ်ပဲ နောက်တစ်ဆင့်တက်ပါလိမ့်မယ်”လို့ ဖာဒီနန်က ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ရဲ့အခွင့်အရေးနဲ့ပတ်သက်ပြီး ယုံကြည်နေပေမယ့် ဖာဒီနန်က ပြိုင်ဘက်မက်ဒရစ်ဟာ အိမ်ရှင်ဖြစ်သလို ပရိသတ်တွေရှေ့မှာလည်းကန်ရမှာဖြစ်တာကြောင့် ထူးခြားဆန်းပြားတာတွေဖြစ်နိုင်တယ်လို့ အာတီတာရဲ့အသင်းကို သတိပေးခဲ့ပါတယ်။ “ကျွန်တော် အာဆင်နယ်ပဲ နောက်တစ်ဆင့်တက်တယ်ဆိုတာကို ထောက်ခံပါတယ်။ တကယ်လို့ ကျွန်တော့်ဘဝက အစွန်းတစ်ဖက်မှာရှိနေတယ်ဆိုရင် အာဆင်နယ်ကိုပဲ ထောက်ခံမှာပါ။

ရီးရဲလ်က ထူးခြားအောင်လုပ်ပြတတ်တဲ့အသင်းဆိုတာတော့ သတိပေးချင်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်ပဲ နောက်တစ်ဆင့်တက်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ဂိုးသွင်းနေကြအသင်းလို့ပါ။ အာတီတာအနေနဲ့ ဒီပွဲအတွက် ဘယ်လောက်အထိ ပြင်ဆင်ထားလဲဆိုတာကို မြင်နိုင်ပါတယ်။ အဲ့တာက ဒီပွဲရဲ့အဓိကအချက်ဖြစ်လာနိုင်ပါတယ်။ နားထောင်ပါ။ သွားရောက်ပြီး ထိပ်တိုက်ရင်ဆိုင်ပါ။ ကျွန်တော် ပြီးခဲ့တဲ့ချန်ပီယံလိဂ်ရာသီတွေမှာ အတွေ့အကြုံရှိခဲ့ပါတယ်။ အသင်းတွေက ၂-၀ ဖြစ်သွားချိန်မှာ အဲ့တာက အဆင်ပြေတယ်လို့ ထင်သွားတတ်ပါတယ်။

အဲ့နောက် ရုတ်တရက်ဆိုသလို မထင်ထားတာတွေဖြစ်လာတတ်ပါတယ်။ အခုအာဆင်နယ်က ၃-၀ နဲ့အနိုင်ရထားပြီး အိမ်ကွင်းအားသာချက်ကိုရယူထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူတို့ပဲ နောက်တစ်ဆင့်တက်နိုင်ဖို့ အခြေအနေကောင်းနေပါတယ်”လို့ ဖာဒီနန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။