The network connection is lost.

Banner Image

ပြင်းထန်စွာ ဖျက်ထုတ်ခဲ့တဲ့ ကစားသမားကို ရာသက်ပန်အရေးယူဖို့ ပရိသတ်တွေ တောင်းဆို

တစ်ချိန်တည်းမှာ ကစားသမား ၂ ဦးစလုံးကို ပြင်းထန်စွာ ဖျက်ထုတ်မိခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့ကြတာဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ဗီဒီယိုထဲမှာ ဟွန်ဒူးရပ်စ်လိဂ်မှာ ကစားနေတဲ့ မာရသွန်နဲ့ အိုလီယမ်ပီယာအသင်းတို့ကြားမှာ အဆိုပါဖြစ်ရပ်ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။

ဗီဒီယိုထဲမှာ မာရသွန်ကစားသမား အန်ဒရီအိုရီလာနာက ဆုံးရှုံးသွားတဲ့ဘောလုံးကို ပြန်လိုက်ဆယ်ဖို့ ကြိုးစားရင်း ဖျက်ထုတ်မိခဲ့တာဖြစ်ပါတယ်။ အသက် ၂၁ နှစ်သားရဲ့အရှိန်ကြောင့် အိုလီယမ်ပီယာအသင်းစတား ၂ ဦးဖြစ်တဲ့ ကားလို့စ်ပီနီဒါ နဲ့ မာဂျီယာတို့ ထိခိုက်မိခဲ့တာဖြစ်ပါတယ်။

ပြင်းထန်တဲ့အရှိန်နဲ့ဖျက်ထုတ်မှုကြောင့် အဝေးကွင်းကစားသမား ၂ ဦးစလုံးလဲကျခဲ့ပြီး ဒဏ်ရာရရှိခဲ့ကြပါတယ်။ အဆိုပါဖျက်ထုတ်မှုအတွက် ကွင်းလယ်ဒိုင်မှာ ရွေးချယ်စရာမရှိခဲ့ပဲ အိုရီလာနာကို အနီကတ်တိုက်ရိုက်ပြသခဲ့ရပါတယ်။ အဆိုပါဖြစ်ရပ်မတိုင်ခင် အိုလီယမ်ပီယာအသင်းက ၁-၀ နဲ့ ပွဲကို ဦးဆောင်နေတာဖြစ်ပြီး အစီအစဉ်တင်ဆက်သူတွေတောင် အိုရီလာနာရဲ့ဖျက်ထုတ်မှုကို ပြောစရာစကားမရှိခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ သူ့ရဲ့ဖျက်ထုတ်မှုအတွက် အိုရီလာနာက တောင်းပန်စကားဆိုခဲ့ပါတယ်။ “အမှန်တရားက ကျွန်တော်မှားခဲ့တာပါ။ ကျွန်တော်လူတိုင်းကို တောင်းပန်ပါတယ်။ လူသားတစ်ယောက်ဖြစ်တဲ့အလျှောက် အမှားတွေကနေ သင်ယူရမှာပါ။ ကျွန်တော် ပွဲအတွင်းကစားနေတာဖြစ်ပြီး အကုန်လုံးတော့ မမှန်ပါဘူး။ မာဂျီယာကလည်း သူဘာမှမဖြစ်ဘူးလို့ ကျွန်တော့်ကိုပြောပါတယ်။ သူက ကျွန်တော့်ကိုချစ်သလို ဒီလိုဖြစ်တာကလည်း ပွဲရဲ့အစိတ်အပိုင်းပါ။ ကျွန်တော့် DNA ကိုဆုံးရှုံးလို့မဖြစ်ပါဘူး။ ကျွန်တော် ဆက်လက်ပြီးအလုပ်တွေလုပ်ရပါမယ်။ အများကြီးတိုးတက်ဖို့ လိုအပ်နေပါသေးတယ်”လို့ အိုရီလာနာက ပြောကြားခဲ့ပါတယ်။

ပရိသတ်တွေကတော့ အဆိုပါဖျက်ထုတ်မှုကို သဘောမကျဖြစ်နေပြီး ပရိသတ်တစ်ဦးက “အဲ့တာက အနီကတ်တင်မဟုတ်ပဲ ရာသက်ပန်ပွဲပယ်ရမှာပါ”လို့ ရေးသားခဲ့ပါတယ်။ ဒုတိယတစ်ဦးကလည်း “၃ လလောက်အနည်းဆုံးပွဲပယ်သင့်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။ တတိယတစ်ဦးကလည်း “ကရာတေးလား”လို့ ရေးသားခဲ့ပါတယ်။ နောက်ထပ်တစ်ဦးကလည်း “ဘရားသားက အနီကတ် ၂ ကတ်နဲ့ထိုက်တန်တယ်”လို့ ရေးသားခဲ့ပါတယ်။