The network connection is lost.

Banner Image

လေဗာကူဆင်နည်းပြနေရာအတွက် ရေပန်းစားလာတဲ့ ချဲလ်ဆီးစတားဟောင်း နဲ့ ယူနိုက်တက်နည်းပြဟောင်း

သတင်းတွေအရ ချဲလ်ဆီးစတားဟောင်း ဖာဘရီဂတ်စ် နဲ့ ယူနိုက်တက်နည်းပြဟောင်း တန်ဟက်တို့ဟာ လေဗာကူဆင်နည်းပြနေရာအတွက် ရေပန်းစားနေတယ်လို့ သိရပါတယ်။
သောကြာနေ့တုန်းက အလွန်ဆိုတစ်ယောက် ရာသီအကုန်မှာ လေဗာကူဆင်ကနေထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပါတယ်။

ဂျာမနီကလာတဲ့သတင်းတွေအရ အလွန်ဆိုတစ်ယောက် လာမယ့်နွေမှာ ရီးရဲလ်အသင်းထံပြောင်းရွှေ့မယ်လို့ ဖော်ပြနေကြပါတယ်။ စပိန်သားဟာ လေဗာကူဆင်အသင်းမှာ ၃ ရာသီဖြတ်သန်းခဲ့တာဖြစ်ပြီး ဂျာမန်ဖလား ၂ ကြိမ် ၊ ဂျာမန်ပိုကယ်ဖလား ၁ ကြိမ် နဲ့ အသင်းကို ယူရိုပါလိဂ်ဖိုင်နယ်ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ အလွန်ဆိုထွက်ခွာမှာဖြစ်တာကြောင့် လေဗာကူဆင်ဘက်က နည်းပြအသစ်ရှာဖွေနေပြီး ဖာဘရီဂတ်စ် နဲ့ တန်ဟက်တို့ကို ချိတ်ဆက်နေပါတယ်။

သတင်းတွေအရ နယ်သာလန်သားနည်းပြကတော့ ယူနိုက်တက်မှာရခဲ့တဲ့လစာထက် လျော့နည်းနိုင်ချေရှိနေတယ်လို့ သိရပါတယ်။ အခြားတစ်ဖက်မှာတော့ ဖာဘရီဂတ်စ်ဟာ ကိုမိုအသင်းနဲ့ ၂၀၂၈ အထိ စာချုပ်သက်တမ်းရှိနေတာကြောင့် ပြောင်းရွှေ့ကြေးပေးချေရနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် လုပ်ခလစာကတော့ တန်ဟက်ထက် လျော့နည်းနိုင်တယ်လို့ သိရပါတယ်။ ရီးရဲလ်အသင်းကလည်း အန်ဆယ်လော့တီနဲ့ လမ်းခွဲတော့မှာဖြစ်ပြီး အလွန်ဆိုကို အပြီးသတ်နေပါတယ်။ အလွန်ဆိုဟာ လက်ကျန်နောက်ဆုံး ၂ ပွဲကို ကိုင်တွယ်မှာဖြစ်ပြီး မေလ ၁၁ ရက်နေ့မှာ ဒေါ့မွန် ၊ မေလ ၁၇ ရက်နေ့မှာ မိန့်ဇ်အသင်းတွေနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။