
ယူနိုက်တက်က ဆိုစီဒက် ၊ တော့တင်ဟမ်က အယ်လ်ခမာအသင်းတွေနဲ့တွေ့ဆုံနေတဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့်
ယူရိုပါလိဂ် ၁၆ သင်းအဆင့်မဲခွဲမှုမှာ ယူနိုက်တက်က ဆိုစီဒက်နဲ့တွေ့ဆုံနေပြီး တော့တင်ဟမ်အသင်းက အယ်လ်ခမာအသင်းနဲ့တွေ့ဆုံနေတယ်လို့ သိရပါတယ်။ မော်ရင်ဟိုရဲ့ဖီနာဘာချီကတော့ စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းနဲ့တွေ့ဆုံနေပါတယ်။ ယူနိုက်တက်ဟာ ၂၀၂၁ ယူရိုပါလိဂ်ဖိုင်နယ်တုန်းက ဆိုစီဒက်နဲ့ရင်ဆိုင်ခဲ့ရသေးတာဖြစ်ပြီး ၂၀၂၂ - ၂၃ ရာသီတုန်းကလည်း အုပ်စုအဆင့်မှာ တွေ့ဆုံခဲ့သေးတာဖြစ်ပါတယ်။
အဆိုပါ ၄ ပွဲမှာ ယူနိုက်တက်က ၂ ကြိမ်အနိုင်ရထားပြီး ၁ ကြိမ်သရေ ၊ ၁ ကြိမ် အရေးနိမ့်ထားခဲ့ပါတယ်။ တော့တင်ဟမ်က အယ်လ်ခမာနဲ့တွေ့ဆုံနေပြီး အနိုင်ရရှိထားခဲ့ဖူးတာဖြစ်ပါတယ်။ မော်ရင်ဟိုအနေနဲ့တော့ အင်္ဂလန်မြေကို တစ်ကျော့ပြန်လာရောက်ရဖွယ်ရှိနေပါတယ်။ မတ်လ ၆ ရက်နေ့မှာ ၁၆ သင်းအဆင့် ပထမအကျော့ကန်မှာဖြစ်ပြီး အဲ့နောက် တစ်ပတ်အကြာမှာ ဒုတိယအကျော့ကို ကစားမှာဖြစ်ပါတယ်။ ဒီနှစ်ရဲ့ယူရိုပါလိဂ်ဖိုင်နယ်ကို မေလ ၂၁ ရက်နေ့ ဘီလ်ဘာအိုမြေမှာ ကျင်းပမှာဖြစ်ပါတယ်။