မန်စီးတီးနဲ့စာချုပ်သက်တမ်းတိုးခဲ့တာကို ရှင်းပြလိုက်တဲ့ ဟာလန်း
မန်စီးတီးတိုက်စစ်မှူး ဟာလန်းက အသင်း နဲ့ ၂၀၃၄ အထိ စာချုပ်သက်တမ်းတိုးခဲ့ပြီးနောက် သူ့အနေနဲ့ အသင်းမှာဆက်နေဖို့ စာချုပ်သက်တမ်းတိုးခဲ့တာဟာ လွယ်ကူတဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။
အသက် ၂၄ နှစ်သားဟာ ဒေါ့မွန်ကနေပြောင်းလာပြီးကတည်းက စီးတီးတွက် ၁၂၆ ပွဲမှာ ၁၁၁ ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဟာလန်းရဲ့စာချုပ်သက်တမ်းက ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး ရီးရဲလ်အသင်းက ချိတ်ဆက်နေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း စီးတီးက သူတို့ရဲ့အဓိကကစားသမားကို ဆက်ထိန်းထားနိုင်ခဲ့တာဖြစ်ပြီး ဟာလန်းအနေနဲ့ အသင်းမှာ အသက် ၃၄ နှစ်အထိ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။
သတင်းတွေအရ လက်ရှိစာချုပ်သစ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေးကို ဖျက်သိမ်းခဲ့ပြီး သမိုင်းတစ်လျှောက် အမြင့်မားဆုံးစာချုပ်ဖျက်သိမ်းကြေးပါဝင်နိုင်တယ်လို့ သိရပါတယ်။ ဟာလန်းဟာ စီးတီးနဲ့အတူ ပရီးမီးယားလိဂ် ၂ ကြိမ် ၊ အက်ဖ်အေဖလား နဲ့ ချန်ပီယံလိဂ်ဖလားတွေရယူနိုင်ခဲ့သလို မန်ချက်စတာမှာနေရတာပျော်ရွှင်တယ်လို့ ပြောကြားလိုက်ပါတယ်။
လက်ရှိစာချုပ်သစ်မှာ ဟာလန်းအနေနဲ့ ဂွါဒီယိုလာမရှိခဲ့ရင်တောင် စီးတီးမှာ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။ “ကျွန်တော်စကားပြောဖြစ်ခဲ့တဲ့သူတွေက ဆာလောင်မှုတွေရှိတဲ့သူတွေပါ။ သူတို့ လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကတည်းက ဘုတ်အဖွဲ့ နဲ့ အားလုံးက ထောက်ခံမှုရထားတာပါ။ အဲ့တာကြောင့် ကျွန်တော် ဆုံးဖြတ်ရတာ လွယ်ကူပါတယ်။
ကျွန်တော် အခုဆိုအချိန်အကြာဆုံးရှိနေတော့မှာပါ။ အခုလည်း ပိုကောင်းလာအောင် အာရုံစိုက်နေပါတယ်။ ပရိသတ်တွေကိုလည်း အကောင်းဆုံးတွေပဲပေးချင်ပါတယ်”လို့ ဟာလန်းက ရှင်းပြခဲ့ပါတယ်။ စီးတီးအားကစားဒါရိုက်တာ ဘီဂရစ်စတိန်းကလည်း “ဟာလန်းစာချုပ်သစ်ချုပ်ဆိုခဲ့တာကြောင့် အသင်းကလူတိုင်းပျော်နေကြပါတယ်။ သူ့ရဲ့စာချုပ်သစ်က အသင်းအပေါ်ဘယ်လောက်ချစ်လဲဆိုတာရယ် ကစားသမားတစ်ဦးအနေနဲ့ ဘယ်လောက်အာရုံစိုက်ထားလဲဆိုတာကို ထင်ဟပ်စေပါတယ်။
ဒီမှာ သူကအကောင်းဆုံးပေးဆပ်ထားပြီးပါပြီ။ ပြီးတော့ စံချိန်တွေနဲ့လည်း ဖော်ပြခဲ့ပြီးပါပြီ။ သူက လက်ရှိကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲကတစ်ဦးပါ။ ဒါပေမယ့် ဟာလန်းက ငယ်ရွယ်ပြီး ပက် နဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေလက်အောက်မှာ ဆက်လက်တိုးတက်ချင်နေပါတယ်။
သူသာ အလုပ်ကြိုးစားမယ်ဆိုရင် လုပ်နိုင်မယ်ဆိုတာ သိပါတယ်။ သူက ဒီအသင်းမှာ ဂန္ထဝင်တစ်ဦးအဖြစ် မှတ်တိုင်စိုက်ထူနိုင်ပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။ စီးတီးအသင်းဟာ တရားစွဲဆိုမှုလည်း ရင်ဆိုင်နေရသလို လက်ရှိမှာလည်း အမှတ်ပေးဇယားမှာ ထိပ်ဆုံးရာသီကလီဗာပူးအသင်းနဲ့ ၁၂ မှတ်အထိ ကွာဟနေပါတယ်။
ဒါပေမယ့်လည်း ဟာလန်းကတော့ စီးတီးအတွက လိဂ်ပွဲ ၂၁ ပွဲမှာ ၁၆ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး ဆာလက် ၁၈ ဂိုးနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ဇန်နဝါရီမှာ
စီးတီးဟာ လူအင်အားဖြည့်တင်းမှုတွေပြုလုပ်နေပြီး ကူဆာနော့ဗ်ကို ပေါင် ၄၁ သန်းနဲ့ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ကမ်ဘီယာဆိုကိုလည်း ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကာ နောက်ထပ်ကစားသမားအသစ်တွေလည်း ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။