The network connection is lost.

Banner Image

ယူနိုက်တက်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ နည်းပြဟောင်း တန်ဟက်

အခုရာသီအစောပိုင်းတုန်းက ယူနိုက်တက်ကနေထွက်ခွာပြီးနောက် ၄ လအကြာမှာ နည်းပြဟောင်း တန်ဟက်က အသင်းဟောင်းနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ပထမရာသီမှာ ယူနိုက်တက်နဲ့အတူ ကာရာဘောင်ဖလားအပြင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်ပါ စွမ်းဆောင်နိုင်ခဲ့ပေမယ့် ဒုတိယရာသီက အခြေအနေဆိုးဝါးခဲ့တာဖြစ်ပါတယ်။ဆာဂျင်မီရောက်လာပြီးနောက် အသင်းရဲ့အခြေအနေက တိုးတက်မှုတွေရှိခဲ့ပေမယ့် ကွင်းအတွင်းရလဒ်ပိုင်းက ဆက်လက်ဆိုးဝါးခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက မန်စီးတီးကိုကျော်ဖြတ်ကာ အက်ဖ်အေဖလားရယူနိုင်ခဲ့ပေမယ့် ၂၀၂၄ - ၂၅ ရာသီမှာတော့ ရလဒ်တွေဆိုးဝါးလာခဲ့ပါတယ်။ ၃ လအကြာမှာ တန်ဟက်ရဲ့ရာထူးအခြေအနေက မတည်မငြိမ်ဖြစ်လာခဲ့ပြီး ဝက်စ်ဟမ်းကို ၂-၁ နဲ့အရေးနိမ့်ခဲ့ပြီးနောက် အထုတ်ခံခဲ့ရကာ အာမိုရင်နဲ့ အစားထိုးခဲ့ပါတယ်။ အခုတနင်္လာနေ့က အင်တာဗျူးမှာ တန်ဟက်က ယူနိုက်တက်နဲ့ပတ်သက်ပြီး လွမ်းဆွတ်မိတဲ့အကြောင်း နဲ့ အသင်းသစ်ကို ကိုင်တွယ်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

“ကျွန်တော့်ကိုယ်ကျွန်တော် ဆုံးဖြတ်ပြီးပါပြီ။ ဇူလိုင်လ ၁ ရက်နေ့မတိုင်ခင် ကျွန်တော် ဘာမှလုပ်မှာမဟုတ်ပါဘူး။ ယူနိုက်တက်နဲ့ပတ်သက်ပြီး ကျွန်တော် အိုးထရက်ဖို့ဒ်ကိုပဲ လွမ်းဆွတ်မိပါတယ်”လို့ တန်ဟက်က ပြောကြားခဲ့ပါတယ်။