The network connection is lost.

Banner Image

မန်စီးတီးကိုနိုင်ခဲ့တဲ့အကြောင်းအရင်းကို ထုတ်ဖော်ပြောကြားလာတဲ့ အူနိုင်းအမ်မရီ

ဗီလာအသင်းနည်းပြ အမ်မရီက မန်စီးတီးကို ၂-၁ နဲ့အနိုင်ရခဲ့ပြီးနောက် အကြောင်းအရင်းကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ စီးတီးဟာ ၁၄ ပွဲအတွင်း ဒုတိယမြောက်နိုင်ပွဲကို ရှာဖွေနိုင်ဖို့ ပြင်ဆင်လာခဲ့ပေမယ့် ဗီလာပါ့ခ်မှာ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ အဆိုပါနိုင်ပွဲပြီးနောက် အမ်ရီက စီးတီးအတွက် သူပြင်ဆင်လာတဲ့နည်းစနစ်အလုပ်ဖြစ်ခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။

မီဒီယာတွေကို အမ်မရီက ပြောကြားရာမှာ “ဒုတိယပိုင်းမှာ သူတို့ယုံကြည်မှုက ကျဆင်းလာခဲ့ပြီး ကျွန်တော်တို့က ယုံကြည်မှုတိုးလာခဲ့ပါတယ်။ အဲ့တာက တကယ်ကောင်းပါတယ်။ ကစားသမားတွေက ပွဲမတိုင်ခင် လုပ်ဆောင်ခဲ့တဲ့အရာအားလုံးအပေါ် တုံ့ပြန်တာ ကောင်းပါတယ်။ ကျွန်တော် ပထမပိုင်းမှာ ခံစစ်ကိုပိုအာရုံစိုက်ခဲ့ပါတယ်။ သူတို့ကိုတားဆီးဖို့အတွက် သေချာလေးပြင်ဆင်ခဲ့ပါတယ်။ 

ကျွန်တော်တို့ တစ်ပွဲလုံးခံစစ်ကောင်းကောင်းကစားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် ဒုတိယပိုင်းမှာ ပထမပိုင်းကထက်ပိုကောင်းအောင်ကစားခဲ့ပါတယ်။ ပထမပိုင်းမိနစ် ၃၀ လောက်မှာ စီးတီးက တကယ်ကောင်းခဲ့ပါတယ်။ သူတို့ အဲ့အချိန်မှာသာ သူတို့ဂိုးရခဲ့မယ်ဆိုရင် သူတို့ယုံကြည်မှုပိုရသွားမှာ သေချာပါတယ်။

ဒါပေမယ့် ဒုတိယပိုင်းမှာတော့ လုံးဝခြားနားသွားခဲ့ပါတယ်။ ကျွန်တော်တို့ ထိန်းချုပ်နိုင်ခဲ့သလို ဂိုးလည်းသွင်းနိုင်ခဲ့ပါတယ်။ စီးတီးအခြေအနေက ပထမပိုင်းကထက် ပိုဆိုးဝါးသွားခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ စီးတီးဟာ အခုနောက်ပိုင်းမှာ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်အပြင် ချန်ပီယံလိဂ်မှာပါ ရလဒ်ဆိုးဝါးနေပါတယ်။ လိဂ်မှာတော့ စီးတီးဟာ အဆင့် ၅ နေရာက ဗီလာရဲ့နောက်မှာ ၁ မှတ်အကွာနဲ့ရပ်တည်နေပြီး ချန်ပီယံဆုနဲ့တော့ အလှမ်းဝေးခဲ့ပြီဖြစ်ပါတယ်။

ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း ဆက်လက်တိုက်ပွဲဝင်ရဦးမှာဖြစ်ပါတယ်။ စီးတီးဟာ လာမယ့်ဘောက်ဆင်ဒေးမှာ အဲဗာတန်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။