
မန်စီးတီးမှ ထွက်ခွာမည်ဟူသော ကောလဟာလများကို သတင်းမှားတွေလို့ ပြောကြားလိုက်တဲ့ အီဒါဆန်
မန်စီးတီးဂိုးသမား အီဒါဆန်က ၎င်းသည် ကလပ်မှ ထွက်ခွာနိုင်မည်ဟူသော ခန့်မှန်းပြောဆိုမှုများကို သတင်းမှား လို့ ပြောကာ ငြင်းဆိုခဲ့ပါတယ်။ ဘရာဇီးသားဟာ အီတီဟတ်ကွင်းတွင် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး ဆော်ဒီအာရေးဗျသို့ ပြောင်းရွှေ့ရန် သတင်းများ ထွက်ပေါ်နေခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ မန်စီးတီးတွင် ရှစ်နှစ်ကြာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ခြောက်ကြိမ်နှင့် ချန်ပီယံလိဂ်အပါအဝင် ဆုဖလား ၁၈ ခု ရယူနိုင်ရန် ကလပ်ကို ကူညီပေးခဲ့ပါတယ်။ "ကျွန်တော့်အနာဂတ်က ဒီမှာပါ" လို့ အီဒါဆန်က ပြောကြားခဲ့ပါတယ်။ "သူငယ်ချင်းတချို့က ကျွန်တော့်ကို သတင်းတွေ အများကြီး ပို့ပေးကြတယ် ဒါပေမဲ့ ၉၉ ရာခိုင်နှုန်းက သတင်းမှားတွေပါ"
"ခင်ဗျားတို့ (မီဒီယာ) တွေက သတင်းတွေ လိုအပ်တယ်၊ ဆိုရှယ်မီဒီယာမှာ 'လိုက်ခ်' ရဖို့လိုတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်နာမည်နဲ့ပတ်သက်ပြီး သတင်းမှားတွေ အများကြီး ရှိပါတယ်" "ကျွန်တော့်စိတ်က ဒီမှာပါပဲ။ မန်စီးတီးမှာပဲ ရှိနေမှာပါ။ ပရီးမီးယားလိဂ်ကို ပြန်သွားပြီး ချန်ပီယံလိဂ်ကိုပါ ထပ်ပြီး အနိုင်ရဖို့ဆိုတာ အရာအားလုံးပါပဲ။ ကျွန်တော့်စိတ်က ကလပ်မှာပဲ ရှိနေမှာပါ" လို့ ပြောပါတယ်။
နံပါတ်နှစ်ဂိုးသမား စတီဖန် အော်တီဂါ (သူလည်း စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိသည်) က ယခုရက်သတ္တပတ်အစောပိုင်း မန်စီးတီးရဲ့ ကလပ်ကမ္ဘာ့ဖလားပွဲအတွင်း အနာဂတ်နှင့်ပတ်သက်၍ မေးမြန်းသောအခါ ဆွေးနွေးရန် ငြင်းဆန်ခဲ့ပြီးနောက် ဒီဒါဆင်ရဲ့ မှတ်ချက်တွေက ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
အသက် ၃၂ နှစ်အရွယ် ဂျာမန်ဂိုးသမားက ကလပ်တွင် သုံးနှစ်ကြာ ကစားခဲ့သော်လည်း အီဒါဆန်ရဲ့ နောက်တွင်သာ ရှိနေခဲ့ပါတယ်။ "ဒီမေးခွန်းအတွက်က အရမ်းစောလွန်းပါတယ်" ဟု အော်တီဂါက အမေရိကန်ရှိ မီဒီယာများကို ပြောကြားခဲ့သည်။ "အဲ့ဒီအကြောင်း ဘာမှ ပြောလို့မရသေးပါဘူး၊ အရမ်းစောလွန်းပါတယ်"
မန်စီးတီးဟာ ၂၀၂၄-၂၅ ရာသီတွင် စိတ်ပျက်ဖွယ် ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်။ လေးကြိမ်ဆက်တိုက် အောင်မြင်မှုများနောက်ပိုင်း လိဂ်ဖလားကို ကာကွယ်နိုင်ခြင်းမရှိခဲ့ဘဲ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မတိုင်မီ ထွက်ခဲ့ရပါတယ်။ ထို့ကြောင့် ကလပ်သည် ကစားသမားအင်အား ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေပြီး ဂိုးသမားနှစ်ဦးစလုံး ရေရှည်စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းဟုတ်မဟုတ် သို့မဟုတ် စာချုပ်ဆွေးနွေးမှုများ ပြုလုပ်နေခြင်း ရှိ၊ မရှိကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ကြာသပတေးနေ့က အော်လန်ဒိုတွင် ဂျူဗင်တပ်စ်နှင့်ပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် နည်းပြ ပက်ဂွါဒီယိုလာအား အီဒါဆန်နှင့်ပတ်သက်၍ အတိအကျမေးမြန်းသောအခါ ဘရာဇီးက လာမည့်ရာသီထက် ကျော်လွန်၍ ဆက်နေမည်ဟုတ်မဟုတ် မသိကြောင်း ပြောကြားခဲ့ပါတယ်။
"ကျွန်တော် မသိပါဘူး၊ ဒါပေမဲ့ လေ့ကျင့်ရေးဆင်းနေတာကို တွေ့ရတဲ့အတွက် အရမ်းကျေနပ်မိပါတယ်၊ သူ ကျွန်တော်တို့နဲ့အတူ ရှိနေပါတယ်" "သူ ကျွန်တော်တို့နဲ့အတူ အံ့မခန်း ဆယ်စုနှစ်တစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး သူ့ရဲ့ ပံ့ပိုးမှုဟာ ဘက်ပေါင်းစုံကနေ အကြီးအကျယ် ရှိခဲ့ပါတယ်" လို့သာ ပြောကြားခဲ့ပါတယ်။