The network connection is lost.

Banner Image

အာဆင်နယ်ဂန္ထဝင်ဟောင်းကိုကြည့်ရင်း ကြီးပြင်းလာခဲ့တာလို့ အာဆင်နယ်စတားအသစ် ဖွင့်ဟပြောကြား

ပဲလေ့စ်အသင်းထံကနေ အာဆင်နယ်ထံပြောင်းရွှေ့လာခဲ့ပြီးနောက် အီဘရီချီအီဇီးက သူ့အနေနဲ့ အာဆင်နယ်ဂန္ထဝင်ဟောင်းကိုကြည့်ရင်း ကြီးပြင်းလာခဲ့တာလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။  

အီဇီးတစ်ယောက် တော့တင်ဟမ်ကိုပြောင်းဖို့ အတော်လေးနီးစပ်ခဲ့ပေမယ့် အာဆင်နယ်က နာရီပိုင်းအတွင်း ကြားဖြတ်ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်သားဟာ အသက် ၁၃ နှစ်တုန်းက အာဆင်နယ်လူငယ်ကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပြီး အဆိုပါအချိန်တုန်းက သူ့အနေနဲ့ အိပ်ယာထဲမှာ တစ်ပတ်လုံးငိုကြွေးနေခဲ့ရတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

အစောပိုင်းကာလတုန်းက အီဇီးတစ်ယောက် အသည်းကွဲခဲ့ပေမယ့် အီဇီးရဲ့အာဆင်နယ်အသင်းကိုချစ်မြတ်နိုးတဲ့စိတ်က ပျောက်ပျက်မသွားခဲ့တာဖြစ်ပါတယ်။အချက်အလက်တွေအရလည်း အီဇီးဟာ အာဆင်နယ်ကိုကြည့်ရင်း ကြီးပြင်းလာခဲ့တာဖြစ်ပြီး အွန်နရီက သူ့ငယ်ဘဝဟီးရိုးဖြစ်တယ်လို့ အင်တာဗျူးမှာ ဝန်ခံပြောကြားခဲ့ပါတယ်။

“သီယာရီက ကျွန်တော့်နံပတ်တစ် ဟီးရိုးပါ။ သူပြီးတော့ ရော်နယ်ဒင်ဟိုပါ။ သူတို့ ၂ ယောက်ကို ယူကျူ့ဘ်ကနေ ကြည့်ခဲ့ရတာပါ။ ကျွန်တော်က သူတို့ကိုကြည့်ရင်း ကြီးပြင်းလာခဲ့ရတာပါ။ 
သူတို့လုပ်ပြသမျှကို ကျွန်တော်နှစ်သက်ပါတယ်။ ပြီးတော့ သူတို့ဆီကနေ ကျွန်တော်အတုယူတာတွေရှိပါတယ်”လို့ အီဇီးက ဖြေကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ အီဇီးကိုခေါ်ယူနိုင်ခဲ့တာကြောင့် လူအင်အားတောင့်တင်းလာခဲ့ပြီဖြစ်ကာ ဒီရာသီပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်ဖို့ ပြင်ဆင်နေပါတယ်။ အီဇီးအနေနဲ့ လာမယ့်သြဂုတ်လ ၃၁ ရက်နေ့ လီဗာပူးအသင်းနဲ့ပွဲမှာ အာဆင်နယ်အတွက် ပွဲဦးထွက်ပါဝင်ကစားဖွယ်ရှိနေပါတယ်။