ဆန်ချိုရဲ့ ရုန်းကန်ခဲ့ရမှုအတွက် ယူနိုက်တက်အား အပြစ်တင်လိုက်တဲ့ ဒေါ့မွန်အသင်းရဲ့ အားကစားဒါရိုက်တာ
ဒေါ့မွန်အသင်းရဲ့ အားကစားဒါရိုက်တာက ဆန်ချိုရဲ့ ဂျာမနီရှိ အစောပိုင်း ရုန်းကန်ခဲ့ရမှုအတွက် ယူနိုက်တက်ကို အပြစ်တင်လိုက်ပါတယ်။
ဇန်နဝါရီလတွင် ဒေါ့မွန်သို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ဆန်ချိုဟာ ဝါဒါဘရီမင်အား ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ သူ့ရဲ့ပထမဆုံး သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ကနေ အငှားလာရောက်ကစားနေတဲ့ ဆန်ချိုဟာ ဝါဒါဘရီမင် နောက်ခံလူ မာလာတီနီကို ကျွမ်းကျင်မှု ရှိစွာကျော်ဖြတ်ခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒေါ့မွန်အသင်း အားကစားဒါရိုက်တာက အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုရဲ့ စွမ်းဆောင်ရည်မြင့်မားမှုကို ချီးကျူးပြောကြားခဲ့ပါတယ်။ ရာသီဝက်တစ်ခုလုံးနီးပါးအထိ ဆန်ချိုကို ဖယ်ထုတ်ထားခဲ့တဲ့ ယူနိုက်တက်နဲ့ နည်းပြတန်ဟက်ကို ဒေါ့မွန်အားကစားဒါရိုက်တာက အပြစ်တင်လိုက်ပါတယ်။
ပွဲအပြီးမှာ သတင်းထောက်တွေကို အားကစားဒါရိုက်က "ဒီလိုမျိုး လုပ်ကြည့်တော့ သူက ဘောလုံးသမားကောင်းဆိုတာ သေချာပေါက် မြင်နိုင်ပါတယ်။ အထူးသဖြင့် တစ်ဦးချင်း အခြေအနေတွေမှာ သူကဘယ်လို ထူးခြားချက်တွေကို လုပ်နိုင်လဲဆိုတာ သိနိုင်ပါတယ်" "သူက ဘယ်လောက်အထိ ကြိုးစားပြီး အသင်းကို ကူညီဖို့ ဆန္ဒရှိလဲဆိုတာကို မြင်လိုက်ရတဲ့အတွက် အားလုံးက ဆန်ချိုအတွက် ပျော်ရွှင်နေကြပါတယ်။ ဂိုးတွေလည်း ဖန်တီးပေးပါတယ်။ သူက အရင်က တစ်ကြိမ် နှစ်ကြိမ်လောက် ဂိုးဖန်တီးပေးထားပေမယ့် ဒီဂိုးက သူ့အတွက် ကူညီဖြစ်စေပါတယ်" "သူအချိန်အကြာကြီးအထိ မကစားထားရဘူးဆိုတာကို အားလုံးကမမေ့သင့်ပါဘူး။ ဒါဟာ ကစားသမားတစ်ယောက် ဒဏ်ရာကြောင့် အချိန်အတော်ကြာ အနားယူနေရသလိုပါပဲ။ သူ့ကိုလိုအပ်နေတာဖြစ်ပြီး ဗုဒ္ဓဟူးနေ့နဲ့ လာမယ့်အပတ်မှာ ကစားမယ့် ပွဲတွေမှာ သူ့ကိုထည့်သွင်းကစားသွားမှာပါ" လို့ ပြောပါတယ်။
အင်္ဂလန်လက်ရွေးစင်ကစားသမားသည် ဘွန်ဒက်စ်လီဂါသို့ ပြန်လည် ဝင်ရောက်လာချိန်တွင် ခြေစွမ်းမပြသနိုင်ခြင်းကြောင့် မကြာသေးမီက ဂျာမန်မီဒီယာတွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပါတယ်။ သူ့ရဲ့ ပထမဆုံးဂိုးကို သွင်းယူနိုင်ဖို့ ပြိုင်ပွဲစုံ ၁၂ ပွဲနဲ့ ၂ လနီးပါး အချိန်ယူခဲ့ရပါတယ်။ ဒါ့အပြင် ဂိုးဖန်တီးမှု ၂ ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ နယ်သာလန်ကလပ် ပီအက်စ်ဗွီနှင့် ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ပွဲစဉ်တွင်မှာ နည်းပြတာဒစ်ဇ်ရဲ့အသင်းမှာ ပါဝင်ကစားဖွယ်ရှိနေပါတယ်။