The network connection is lost.

Banner Image

အဝတ်လဲခန်းထဲကဖြစ်ရပ်နဲ့ပတ်သက်ပြီး ဒေါ့မွန်စတားရဲ့မိဘတွေကို သတိပေးလိုက်တဲ့ ကီဟယ်

ဒေါ့မွန်အသင်းအားကစားဒါရိုက်တာ ကီဟယ်က အဝတ်လဲခန်းထဲမှာဖြစ်ခဲ့တဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး ဘယ်လင်ဟမ်ရဲ့မိဘတွေကို သတိပေးလိုက်ပါတယ်။ စိန့်တ်ပေါလီအသင်းကို ၃-၃ သရေကျခဲ့တဲ့ပွဲမှာ ဥမင်ထဲအတွင်း ဒေါ့မွန်အားကစားဒါရိုက်တာ ကီဟယ် နဲ့ ဘယ်လင်ဟမ်ရဲ့မိဘတွေကြားထဲ အချင်းများမှုဖြစ်ခဲ့တာဖြစ်ပါတယ်။

အသင်းဒါရိုက်တာ ရစ်ကန်ကတော့ ဘယ်လင်ဟမ်မိသားစု နဲ့ အသင်းကြားမှာ ဘာတင်းမာမှုမှမရှိဘူးလို့ ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် အခုသတင်းအသစ်တွေအရ အခြေအနေတွေက အဆင်ပြေချောမွေ့မှုမရှိခဲ့ဘူးလို့ ဆိုနေကြပါတယ်။ ဂျာမန်သတင်းဌာန Bild ကတော့ ကီဟယ်တစ်ယောက် နောက်တစ်နေ့မှာ ဘယ်လင်ဟမ်မိဘတွေထံ ဖုန်းခေါ်ပြီး နောက်လာမယ့်အချိန်တွေမှာ ဘယ်လင်ဟမ်မိဘတွေအနေနဲ့ ဥမင်ထဲမှာ ထပ်မံမမြင်တွေ့ချင်ဘူးလို့ သတိပေးခဲ့တယ်လို့ ဆိုပါတယ်။

ကစားသမားရဲ့ဖခင် မာ့ခ်ကတော့ သူတို့အနေနဲ့ အခုလိုမျိုးအမှားကို အနာဂတ်မှာလုပ်ဆောင်မှာမဟုတ်ဘူးလို့ ဘုတ်အဖွဲ့ထံ မက်ဆေ့ချ်ပေးပို့ခဲ့ပါတယ်။ ဘင်လင်ဟမ်ဟာ အခုနွေရာသီတုန်းက ဆန်းဒါးလန်းအသင်းထံကနေ ဒေါ့မွန်ထံ ၅ နှစ်စာချုပ် နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်စတား ဘယ်လင်ဟမ်ရဲ့ညီဖြစ်သူကတော့ ဒေါ့မွန်မှာ အကိုဖြစ်သူခြေရာကိုလိုက်နင်းနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့်လည်း စိန့်တ်ပေါလီအသင်းနဲ့ပွဲမှာ အစောပိုင်းလူစားလဲခံခဲ့ရပြီးနောက် စိတ်ပျက်နေသလို မိသားစုဝင်တွေကပါ ဥမင်ထဲမှာ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

ဂျာမန်ဂန္ထဝင်ဟောင်း လိုသာမားသီးယက်စ်ကတော့ အဝတ်လဲခန်းအပြင်ဘက်မှာ အခုလိုမျိုးမဖြစ်သင့်ဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ ဖြစ်ရပ်အပြီးမှာ ဒေါ့မွန်အမှုဆောင်တွေက အလျင်အမြန်ဖြေရှင်းခဲ့ကာ ရစ်ကန်ကတော့ အခြေအနေတွေက ရှင်းလင်းခဲ့ပြီလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ “အရာအားလုံးဖြေရှင်းပြီးသားဖြစ်ပါပြီ။ ဘာမှမရှိတော့ပါဘူး။ ကျွန်တော်တို့ ဂျို့ဘ်ဘယ်လင်ဟမ်ကိုရလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့မိဘတွေနဲ့က လွန်ခဲ့တဲ့နှစ်တွေကတည်းက ယုံကြည်မှုတည်ဆောက်ထားခဲ့တာကြောင့်ပါ။ အခုကလည်း သူ့မိဘတွေကို သူ့သားရဲ့ပထမဆုံးပွဲကိုလာကြည့်ချင်တာဖြစ်သလို ပွဲအပြီးမှာ သူ့သားနဲ့တွေ့ချင်တာကြောင့် လာခဲ့တာပါ။ သူတို့အဝတ်လဲခန်းထဲအထိ လာရောက်ခဲ့သလို ကီဟယ်နဲ့ စကားပြောဆိုမှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် အခုကဘာပြဿနာမှမရှိတော့ပါဘူး။ ကီဟယ်ကလည်း နောက်တစ်ကြိမ်ခုလိုမျိုးမဖြစ်တော့ဘူးလို့ ပြောကြားထားပါပြီ”လို့ မာ့ခ်က ပြောကြားခဲ့ပါတယ်။

ဒေါ့မွန်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ ယူနီယံဘာလင်အသင်းနဲ့ကစားရမှာဖြစ်ပြီး ပထမဆုံးနိုင်ပွဲရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ အသက် ၁၉ နှစ်သားအနေနဲ့ ကိုဗစ်ရဲ့လူစာရင်းမှာပါဝင်နိုင်ဖို့ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ဖို့ လိုအပ်နေပါတယ်။