မန်စီးတီးနဲ့ ပတ်သက်ပြီး အာနိုးလ်ရဲ့ ပြောကြားမှုအပေါ် တုံ့ပြန်လိုက်တဲ့ ဒီယက်စ်
လီဗာပူးဟာ ကလော့ပ်ရဲ့လက်အောက်မှာ အောင်မြင်မှုများ ပိုပြီးရရှိလာခဲ့ပါတယ်ဆိုတဲ့ အာနိုးလ်ရဲ့ပြောကြားမှုကို ရူဘင်ဒီယက်စ်က တုံ့ပြန်ထားပါတယ်။
တနင်္ဂနွေနေ့ အန်ဖီးလ်မှာ ကစားမယ့် နှစ်ကြားတွေ့ဆုံမှုမတိုင်ခင် အာနိုးလ်က မှတ်ချက်ပေး ပြောကြားထားတာဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့ လက်ထက်မှာ မန်စီးတီးက အဓိကဆုဖလား ၁၄ လုံးရရှိခဲ့တာဖြစ်ပါတယ်လို့ လီဗာပူး ကစားသမားက ပြောကြားထားပုံရပါတယ်။ ဒီယက်စ်ကလည်း အာနိုးလ်ရဲ့ ပြောကြားချက်အပေါ် ဟာလန်းလိုပဲ ပြောကြားလိုက်တာပါ။
BBC Radio သို့ မန်စီးတီးနောက်တန်းကစားသမားက "ကျွန်တော်တို့က ဆုဖလားတွေ ရရှိထားပြီး ပြီးခဲ့တဲ့နှစ်က ၃ လုံးရရှိထားပါတယ်။ ဒါဟာ ကျွန်တော်တို့ကြားမှာ ပရိသတ်တွေကြားမှာ ဘယ်လောက်အထိရှိသလဲဆိုတဲ့ အဓိပ္ပါယ်ပါ။ နေ့တစ်နေ့ရဲ့အဆုံးမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် သေချာတဲ့ ခံစားချက်ကိုခံစားရမှာပါ။ ဆုဖလား ၃ လုံးဆိုတဲ့ ခံစားချက်က တကယ်လုပ်ခဲ့မှ ခံစားရမှာဖြစ်ပါတယ်"လို့ ပြောပါတယ်။
အောင်မြင်မှုများအပြီး ဝေဖန်မှုတွေရှိလာမယ်လို့ခန့်မှန်းထားသလားလို့ မေးရာတွင် "မန်စီးတီးလိုကလပ်မျိုးနဲ့ အရင် ကျွန်တော့်ရဲ့ ကလပ်ဟောင်းဖြစ်တဲ့ ဘင်ဖီကာတို့မှာ ဒီလိုမျိုးမှတ်ချက်ပေးမှုတွေက ကျွန်တော်တို့ကို မထိခိုက်စေနိုင်တဲ့နည်းလမ်းနဲ့ ကြီးမြတ်မှုကို ပြသနိုင်မယ်လို့ ထင်ပါတယ်။ အနိုင်ယူပြီးနောက် ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော့်တို့က ဘယ်သူ့အတွက်မှ လုပ်တာမဟုတ်ဘဲ ကိုယ့်အတွက်ကိုသာ လုပ်တာဖြစ်ပါတယ်" "အခြားသူတွေရဲ့ အောင်မြင်မှုက သူတို့ရဲ့ကိုယ်ပိုင်အောင်မြင်မှုတွေအတွက် ထိုက်တန်ပါတယ်။ ကျွန်တော်တို့ အာရုံစိုက်တဲ့အရာက ကျွန်တော်တို့ကိုယ်တိုင်ပါပဲ။ ရှေ့ဆက်သွားရမယ့်လမ်းဖြစ်ပြီး အသင်းကြီးတစ်သင်းဖြစ်ဖို့ပါ။ တခြားသူတွေရဲ အောင်မြင်မှုအပေါ် မှတ်ချက်ပေးဖို့ မကြိုးစားဘဲ အောင်မြင်ဖို့အတွက်သာ ကြိုးစားရမှာဖြစ်ပါတယ်"လို့ ဒီယက်စ်က ပြန်ဖြေပါတယ်။
ဗုဒ္ဓဟူးနေ့ညက အနိုင်ရရှိကာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့ ရောက်ရှိခဲ့ပြီးနောက် မန်စီးတီးဟာ အဓိကပြိုင်ပွဲ ၃ ခုစလုံးမှာ ရှိနေသေးတာ ဖြစ်ပါတယ်။ လီဗာပူးကတော့ ဆုဖလား ၄ လုံးလမ်းကြောင်းမှာရှိနေပြီး လက်ရှိရာသီမှာ ကာရာဘောင်ဖလားကို ရရှိပြီးဖြစ်ပါတယ်။ ၂ သင်းစလုံးဟာ အဆာင်နယ်နှင့်အတူ ပရီးမီးယားလိဂ်ဆုဖလားအတွက် ပြိုင်ဆိုင်နေကြတာဖြစ်ပါတယ်။
၂ သင်းဟာ မတ်လ ၁၀ ရက် တနင်္ဂနွေနေ့ အန်ဖီးလ်မှာ တွေ့ဆုံကြမှာဖြစ်ပါတယ်။ အဆိုပါပွဲရဲ့ ရလဒ်က အရေးပါနေပြီး သူတို့ကြားမှာ ရမှတ် ၃ မှတ်သာ ကွာဟနေတာဖြစ်ပါတယ်။