ဝေဖန်မှုများကြားက အမ်ဘာပေကို ကာကွယ်ပြောဆိုခဲ့တဲ့ ဒက်စ်ချမ့်စ်
ပြင်သစ်အသင်းနည်းပြ ဒီဒီယာဒက်စ်ချမ့်က သူ့ရဲ့အသင်းခေါင်းဆောင်နှင့် ကြယ်ပွင့်ကစားသမား အမ်ဘာပေရဲ့ ယူရို ၂၀၂၄ ရှိ စွမ်းဆောင်ရည်အပေါ် ဝေဖန်မှုများကို ကာကွယ်ပြောကြားလိုက်ပါတယ်။
အသက် ၂၅ နှစ်အရွယ် အမ်ဘာပေဟာ ပိုလန်နှင့် အုပ်စုနောက်ဆုံးပွဲတွင် ပင်နယ်တီကနေ ပြိုင်ပွဲအတွင်း တစ်ကြိမ်သာ ဂိုးသွင်းယူနိုင်ခဲ့ပြီး ပြင်သစ်ကလည်း open play ကနေ ဂိုးမသွင်းနိုင်သော်လည်း ဆီမီးဖိုင်နယ်သို့ တက်ရောက်လာနိုင်ခဲ့ပါတယ်။ ပေါ်တူဂီကို ပင်နယ်တီနဲ့ အနိုင်ရခဲ့တဲ့ ကွာတားဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်ကခေါ်ယူထားတဲ့ အမ်ဘာပေက လူစားလဲဖို့တောင်းဆိုခဲ့တာကြောင့် အချိန်ပိုတွင် ဒက်စ်ချမ့်စ်က သူ့ကို လူစားလဲခဲ့ပါတယ်။
တနင်္ဂနွေနေ့က ပြင်သစ်ရုပ်မြင်သံကြားရှိုးဖြစ်တဲ့ Téléfoot တွင် ဒက်စ်ချမ့်စ်က အမ်ဘာပေးအား ဝေဖန်နေသူတွေအားလုံးကို သတိပေးပြောကြားခဲ့တာဖြစ်ပါတယ်။ "အခုထိ သူလုပ်ထားတဲ့ မှတ်တမ်းတွေနဲ့တင် လုံလောက်ပြီလို့ မထင်ဘူးလား။ သူက ဒီထက်ပိုပြီး သမိုင်းကို ရေးချင်နေသူပါ" "သူ့ကို ဒီမှာရှိဖို့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ တတ်နိုင်သမျှ လုပ်ခဲ့ပါတယ်။ ပြင်ဆင်ချိန်ရတဲ့အတွင်း သူ့မှာ နောက်ကျောပြဿနာနည်းနည်းရှိခဲ့ပေမယ့် အမ်ဘာပေက ဒီမှာရှိနေခဲ့ပါတယ်" လို့ နည်းပြက ပြောကြားခဲ့ပါတယ်။ လုံးဝကြံ့ခိုင်မှုမရှိရင်တောင် အမ်ဘာပေကို အသင်းရဲ့တိုက်စစ်ကို စတင်နိုင်ဖို့ ကြိုးစားနိုင်ဖို့အတွက် အရန်ခုံမှာ ထားရှိနိုင်ပါတယ်လို့ နည်းပြက တုံ့ပြန်ပြောကြားထားပါတယ်။
တိုက်စစ်မှူးဟာ သြစတြီးယားနှင့် အုပ်စုအဖွင့်ပွဲစဉ်တွင် ကီဗင်ဒန်ဆိုနှင့် တိုက်မိရာကနေ နှာခေါင်းရိုးကျိုးသွားကာ ပြိုင်ပွဲအများစုတွင် မျက်နှာဖုံးတပ်ကာ ကစားခဲ့ရပါတယ်။ "သူက ၁၀၀% မဟုတ်ရင်တောင်မှ ပြိုင်ဘက်အတွက် သူကစားနေတာကို သိထားတာကြောင့် လိုက်လျောညီထွေဖြစ်အောင် တွန်းအားပေးစေပါတယ်" လို့ ဒက်စ်ချမ့်စ်က ပြောပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားဖိုင်နယ်တွင် ဟက်ထရစ်သွင်းယူခဲ့တဲ့ အမ်ဘာပေဟာ ၂၀၁၈ ကမ္ဘာ့ဖလားအနိုင်ရရှိမှုတွင်လည်း ၄ ဂိုးမြောက် သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ အသင်းရဲ့သတင်းစာရှင်းလင်းပွဲမှာ လက်ရွေးစင်အသင်းဖော်တွေဖြစ်တဲ့ ကိုလိုမူယာနီနှင့် ဖိုဖာနာတို့က အမ်ဘာပေကို ထောက်ခံအားပေးခဲ့ကြပါတယ်။
"သူက ကမ္ဘာ့ဖလားဖိုင်နယ်မှာ ပင်နယ်တီ ၃ ကြိမ် သွင်းယူခဲ့တဲ့ ကစားသမားပါ။ ဒီစွမ်းဆောင်ချက်နဲ့ အောင်မြင်တဲ့ ကစားသမား တော်တော်များများကို ကျွန်တော် မသိပါဘူး။ ကျွန်တော် တစ်ယောက်ပဲ သိပါတယ်" "ဒုတိယကပ္ပတိန်ဖြစ်တဲ့ ဂရစ်ဇ်မန်းလိုမျိုး ကစားသမားပဲဖြစ်ဖြစ် အဝတ်လဲခန်းထဲက ကစားသမားအများစု မလုပ်ဖူးတဲ့အရာတွေကို သူလုပ်ခဲ့ပါတယ်" လို့ ဖိုဖာနာက ပြောပါတယ်။
ကိုလိုမူယာနီက "အမ်ဘာပေက အသင်းအတွက် လက်ဆောင်တစ်ခု ယူဆောင်လာတာပါ။ သူ့မှာ အတွေ့အကြုံအများကြီးရှိပါတယ်။ သူက အသင်းလိုက်ရှေ့ဆက်ဖို့ မွေးဖွားလာတယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ ပြောပါတယ်။ ပြင်သစ်ဟာ အင်္ဂါနေ့ မြူးနစ်တွင် ဆီမီးဖိုင်နယ်အဖြစ် စပိန်အသင်းနှင့် ကစားရမှာဖြစ်ပါတယ်။