The network connection is lost.

Banner Image

ဘာစီလိုနာဟာ အဓိက ကစားသမား ၂ ဦးကို ဆက်ထိန်းထားဖို့ ဆန္ဒရှိကြောင်း ဒေကို အတည်ပြု

ဘာစီလိုနာအားကစားဒါရိုက်တာ ဒေကိုက မိမိတို့ဟာ နွေရာသီမှာ ဒီဂျောင်နဲ့အာရူဂျိုတို့ကို ဆက်ထိန်းထားဖို့ ဆန္ဒရှိကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်။ ဘာစီလိုနာဟာ ဘဏ္ဍာရေးအခြေအနေအခက်ခဲရှိနေတာကြောင့် လာမယ့်နွေရာသီမှာ အဓိက ကစားသမားအချို့ကိုရောင်းထုတ်နိုင်တယ်လို့ သတင်းတွေကြီးနေပါတယ်။
 
အာရူဂျိုက ဘာစီလိုနာကနေထွက်ခွာဖို့ ချိတ်ဆက်ခံနေရပြီး ဘိုင်ယန်မြူးနစ်က ချိတ်ဆက်နေပါတယ်။ ဘိုင်ယန်က စိတ်ဝင်စားနေပေမယ့် ဘာစီလိုနာနည်းပြ ဇာဗီက အာရူဂျိုရဲ့အရေးပါပုံကို ပြောကြားထားခဲ့တာဖြစ်ပါတယ်။
 
အခြားတစ်ဖက်မှာလည်း ဒီဂျောင်တစ်ယောက် နွေရာသီမှာ ဘာစီလိုနာကနေ ထွက်ခွာနိုင်တယ်လို့ သတင်းကြီးနေပါတယ်။ နယ်သာလန်သားကို ယူနိုက်တက် ၊ ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီတို့က ချိတ်ဆက်နေပါတယ်။ ဒါပေမယ့်လည်း ဒီဂျောင်ကိုယ်တိုင်က နာပိုလီနဲ့ပွဲမတိုင်ခင် အဆိုပါသတင်းတွေဟာ သတင်းအမှားတွေလို့ ပြောကြားခဲ့ပါတယ်။
 
ဒေကိုကလည်း ဘာစီလိုနာဟာ သူတို့ ၂ ဦးစလုံးကို အသင်းမှာ ဆက်ထိန်းထားချင်နေတယ်လို့ အတည်ပြုခဲ့ပါတယ်။ “ဒီဂျောင်နဲ့ အာရူဂျိုတို့အခြေအနေ ဘာဖြစ်မှာလဲဆိုတော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ သူတို့မှာ စာချုပ်သက်တမ်း ရှိနေပါတယ်။ ကျွန်တော်တို့ အကောင်းဆုံး ကစားသမားတွေကို ဆက်ထိန်းထားချင်ပါတယ်။ သူတို့က အကောင်းဆုံး ကစားသမားတွေပါ။ လက်ရှိမှာကော အနာဂတ်မှာပါ သူတို့က ဘောလုံးသမားတွေပါ။ သူတို့က ဘာစီလိုနာကစားသမားတွေပါ။ သူတို့ ပရိသတ်တွေ နဲ့ အသင်းအတွက် လေးစားမှုရှိပါတယ်။ သူတို့နဲ့အတူ ဆက်သွားချင်ပါတယ်”လို့ ဒေကိုက ပြောကြားခဲ့ပါတယ်။
 
အာရူဂျိုရဲ့စာချုပ်သက်တမ်းက ၂၀၂၆ အထိ ကျန်ရှိနေပြီး ဒီရာသီအသင်းအတွက် ၂၈ ပွဲမှာ ၂၅ ပွဲ အထိ ပွဲထွက်ကစားခွင့်ရရှိထားပါတယ်။ ဒီဂျောင်ကတော့ ပြိုင်ပွဲစုံ ၁၄ ပွဲဆက် ပွဲထွက်ကစားထားကာ ၂ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။
 
နယ်သာလန်သားရဲ့စာချုပ်သက်တမ်းက ၂၀၂၆ အထိ ကျန်ရှိနေပြီး စာချုပ်သက်တမ်း တိုးဖို့ ဆွေးနွေးမှုတွေရှိနေပါတယ်။ ဘာစီလိုနာဟဟာ လက်ရှိမှာ ရီးရဲလ်အသင်းရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေပြီး ရီးရဲလ်က ဘာနေဗျူးမှာ ဆီဗီလာနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။