The network connection is lost.

Banner Image

အာဆင်နယ်ကို နှစ်ကျော့စလုံး ရှုံးခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းဖော်တွေကို ဝေဖန်လိုက်တဲ့ ကော်တိုရစ်

ရီးရဲလ်မက်ဒရစ်ဂိုးသမား ကော်တိုရစ်က အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ရတဲ့အပေါ် အသင်းဖော်တွေရဲ့ ခြေစွမ်းတွေကို ဝေဖန်သွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်မှာ အာဆင်နယ်ကို နှစ်ကျော့စလုံးရှုံးနိမ့်ခဲ့တာပါ။ ပထမအကျော့မှာ အာဆင်နယ်က ၃-၀ နဲ့ အနိုင်ယူခဲ့ပြီး၊ ဗုဒ္ဓဟူးနေ့က ဘာနေဗျူးမှာ ကစားတဲ့ ဒုတိယအကျော့မှာလည်း ၂-၁ နဲ့ အနိုင်ရသွားတာပါ။

ကော်တိုရစ်က "ပထမဂိုး သွင်းနိုင်ခဲ့ရင် ပွဲက အသက်ဝင်လာမှာလို့ ပွဲပြီးခါနီးမှာ ခံစားခဲ့ရတယ်။ နောက်ဆုံးတော့ သူတို့က ပထမဂိုး သွင်းယူသွားပြီး ကျွန်တော်တို့ကလည်း အမြန်လိုက်ကစားခဲ့ပေမဲ့ တိုက်စစ်မှာတော့ ကံမကောင်းခဲ့ဘူး။ ရာယာက ကောင်းတဲ့ ပုတ်ထုတ်မှုမျိုးတောင် လုပ်စရာမလိုခဲ့ဘူးလို့ ထင်တယ်။ တကယ်တော့ အာဆင်နယ်က ခြေပိုသာခဲ့တယ်။ ဒါကို ကျွန်တော်တို့ လက်ခံရမှာပါ" လို့ ပြောပါတယ်။ 

ဒါ့အပြင် ကော်တိုရစ်က ဒီနှစ်မှာ အထောင်တိုက်စစ်မှူး ဟိုဆေးလူ မရှိတာကိုလည်း ထောက်ပြခဲ့ပါတယ်။ ကော်တိုရစ်က "နောက်ဆုံးမှာတော့ ကောင်းကောင်း ကာကွယ်ကစားနိုင်တဲ့ အသင်း၊ စနစ်တကျ ကစားတဲ့အသင်း၊ ဖိအားပေး ကစားတဲ့ အသင်းတစ်သင်းနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။ နေရာလွတ်ရှာဖို့က ခက်ခဲပါတယ်။ ကျွန်တော်တို့က ဖြတ်တင်ဘော အများကြီး ပို့ပေးခဲ့ပေမဲ့ပေါ့။" လို့ ဆက်ပြောခဲ့ပါတယ်။

နည်းပြ အန်ဆယ်လော့တီအပေါ် ဝေဖန်မှုတွေ ရှိနေပေမဲ့ ကော်တိုရစ်ကတော့ အသင်းကစားသမားတွေဟာ မန်နေဂျာ အီတလီသားကို အပြည့်အဝထောက်ခံတယ်လို့ ပြောပါတယ်။ ကော်တိုရစ်က "ဒီကိစ္စနဲ့ပတ်သက်ပြီး ပြဿနာမရှိပါဘူး။ နည်းပြနဲ့ပတ်သက်ပြီး ဘာသံသယမှ မရှိပါဘူး။ နည်းပြက မှာသမျှကို ကွင်းထဲမှာ ကျွန်တော်တို့က လုပ်ပေးရမှာပါ" လို့ ပြောပါတယ်။