
နယူးယောက်စီးတီးနဲ့ပွဲမှာ ကစားသမားအချို့မပါဝင်နိုင်ကြောင်း မာရှေးယာနို ဝန်ခံပြောကြား
အင်တာမိုင်ယာမီအသင်းနည်းပြ မာရှေးယာနိုက လာမယ့်နယူးယောက်ခ်စီးတီးနဲ့ပွဲမှာ ကစားသမားအချို့ပါဝင်နိုင်မှာမဟုတ်ကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။
အင်တာမိုင်ယာမီဟာ ကြားရက်မှာ ကွန်ကာကက်ဖ်ချန်ပီယံဖလားပွဲအဖြစ် ကန်းဆက်စီးတီးအသင်းနဲ့ ကန်ခဲ့ရတာဖြစ်ပါတယ်။
မာရှေးယာနိုက နယူးယောက်ခ်စီးတီးနဲ့အဖွင့်ပွဲမှာ မက်ဆီအပါအဝင် အဓိကစားသမားတော်တော်များများပါဝင်နိုင်မှာမဟုတ်ဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။
အေးခဲနေပေမယ့် အဆိုပါပွဲမှာ မက်ဆီအပါအဝင် ဆွာရက်ဇ် ၊ ဘက်စ်ကွက်တို့ ပါဝင်ကစားခဲ့ကာ အာဂျင်တိုင်းသားရဲ့တစ်လုံးတည်းသောဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။
“ကျွန်တော်တို့ ပြင်ဆင်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ပွဲမှာ အားလုံးပြန်လာနိုင်အောင်ပါ။ မနက်ဖြန်မှာ လူတိုင်းပါဝင်နိုင်မှာမဟုတ်ပါဘူး။ ကျွန်တော် ဘယ်သူဆိုတာတော့ မပြောလိုပါဘူး။ အဓိကကစားသမားတွေတော့ ပါဝင်နိုင်မှာပါ။ ကျွန်တော်တို့ ကန်းဆက်မှာ ကစားခဲ့တာ ၄၈ နာရီတောင် မခြားသေးပါဘူး။ အားလုံးက ပွဲပန်းတဲ့အခြေအနေမှာပဲရှိနေပါသေးတယ်။
အချို့ကစားသမားတွေအတွက် ပြန်လည်သက်သာဖို့ အချိန်ယူရပါဦးမယ်။ အဲ့တာက အားလုံးအတွက် မခန့်မှန်းနိုင်တဲ့အခြေအနေပါ”လို့ မာရှေးယာနိုက ပြောကြားခဲ့ပါတယ်။ မက်ဆီဟာ အင်တာမိုင်ယာမီနဲ့ ၁ နှစ်စာချုပ်ကျန်နေသေးတာဖြစ်ပြီး ဆုဖလားအောင်မြင်မှုအတွက် အသင်းမှာဆက်နေဖို့များနေပါတယ်။ ကန်းဆက်မှာ ပါဝင်ခဲ့တာကြောင့် မက်ဆီအနေနဲ့ လာမယ့်စနေနေ့ပွဲမှာ ပါဝင်လာနိုင်ချေမရှိတာဖြစ်ပါတယ်။