
နာပိုလီနဲ့အတူ စီးရီးအေဖလားဆွတ်ခူးနိုင်ခဲ့ခြင်းက အံ့မခန်းအောင်မြင်မှုဖြစ်ကြောင်း ကွန်တီပြော
၂၀၂၄-၂၅ အီတလီစီးရီးအေ ရာသီပိတ်ပွဲစဉ်မှာ ကာဂလီယာရီကို ၂-၀ နဲ့အနိုင်ယူကာ အမှတ်ပေးချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် နာပိုလီနည်းပြ အန်တိုနီယိုကွန်တီက အသင်းနဲ့အတူ ဆုဖလားရရှိခဲ့ခြင်းက အံ့မခန်းအောင်မြင်မှုတစ်ခုဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။
နာပိုလီကို အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှ ထိပ်ဆုံးနေရာသို့ တဖြည်းဖြည်းပို့ဆောင်နိုင်ခဲ့တဲ့ ကွန်တီဟာ အသင်းအတွက်ဆုဖလားအောင်မြင်မှုရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် အခြားအီတလီထိပ်သီးကလပ်တွေရဲ့ ချိတ်ဆက်မှုတွေနဲ့အတူ နာပိုလီနဲ့ လမ်းခွဲတော့မယ်လို့ သတင်းတွေထွက်ပေါ်ထားပါတယ်။
အောင်ပွဲခံအခမ်းအနားမှာ ကွန်တီက "ကျွန်တော်တို့ အလုပ်ကြိုးစားခဲ့ပြီး ကြိုးစားမှုရဲ့ရလဒ်ကို ကိုယ့်ဘာသာပြန်ခံစားချင်ခဲ့ပါတယ်။ ဒါပေမယ့် ပရိသတ်တွေအတွက်လည်း ပေးဆပ်ဖို့ဆုံးဖြတ်ထားပြီးသားပါ။ ကျွန်တော် တကယ်ကိုပျော်ရွှင်မိပါတယ်။ နာပိုလီနဲ့အတူ စီးရီးအေဆုဖလားကို ဆွတ်ခူးနိုင်ခဲ့တာက အံ့မခန်းအောင်မြင်မှုတစ်ခုပါပဲ"
"ဒီမြို့ကို ကျွန်တော့်ကို အရာအားလုံးပေးထားခဲ့ပါတယ်။ ကျွန်တော်တို့ကလည်း ရှိသမျှအင်အားတွေစိုက်ထုတ်ပြီး ပြန်ပေးဆပ်နိုင်ခဲ့တယ်လို့ထင်ပါတယ်။ ဒီလိုအတွေ့အကြုံရဲ့အဓိပ္ပာယ်ကို အရယူနိုင်ဖို့ အရေးကြီးပါတယ်။ ဒီမြို့ရဲ့အနှောင်အဖွဲ့ကနေ ရုန်းထွက်နိုင်ဖို့ အရမ်းခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်မြို့လုံးက ဘောလုံးအပေါ်မှာ စိတ်အားထက်သန်စွာနဲ့ အားပေးကြလို့ပါပဲ" လို့ပြောကြားခဲ့ပါတယ်။