The network connection is lost.

Banner Image

အခွင့်အရေးတွေကို ဖြုန်းတီးခဲ့တဲ့အသင်းသားတွေကို နည်းပြ ဇာဗီ ဝေဖန်

ဘာစီလိုနာနည်းပြ ဇာဗီက ဆယ်လ်တာဗီဂိုအသင်းကို ၂-၁ နဲ့ အနိုင်ရခဲ့ပြီးနောက် အခွင့်အရေးတွေကိုဖြုန်းတီးခဲ့တဲ့အသင်းသားတွေကို ဝေဖန်လိုက်ပါတယ်။

လီဝန်ဒေါစကီးရဲ့နောက်ကျပင်နယ်တီကြောင့် ဘာစီလိုနာဟာ ၃ မှတ်ပြည့်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပိုလန်သားတိုက်စစ်မှူးဟာ ဒီရာသီမှာ သူ့ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ကိုမရသေးတာဖြစ်ပါတယ်။

ဇာဗီက ဂိုးသွင်းနိုင်မယ့်အခွင့်အရေးတွေကို ဖြုန်းတီးပစ်ခဲ့တဲ့အတွက် ညည်းတွားခဲ့ပါတယ်။ ပွဲအပြီးမှာ ဇာဗီက “ကျွန်တော်တို့ စိုးမိုးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် final third မှာ အခွင့်အရေးတွေဖန်တီးနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဆယ်လ်တာက ခံစစ်ကိုအကောင်းဆုံး ပြင်ဆင်လာခဲ့ပါတယ်။ အဲ့တာက စိတ်ဒုက္ခရောက်ရတဲ့အရာပါ။ ဒါပေမယ့် ဒါမျိုးကို ကြိုဆိုရမှာပါ။ အချက်အလက်တွေက စကားပြောနေပါတယ်။ ကျွန်တော်တို့မှာ ခေါင်းဆောင်မှုအပိုင်းလိုအပ်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဇာဗီရဲ့အသင်းမှာ ဂန်ဒိုဂန်က အခွင့်အရေးဖန်တီးမှု ၆၇ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီး သူ့ထက် လာလီဂါမှာ ပိုများတဲ့ကစားသမားအဖြစ် အစ္စကိုက ၆၈ ကြိမ်နဲ့ ရပ်တည်နေပါတယ်။ ဇာဗီကတော့ ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာမှာဖြစ်ပြီး အောင်မြင်မှုနဲ့အဆုံးသတ်ချင်နေပါတယ်။

လက်ရှိအမှတ်ပေးဇယားမှာ ဘာစီလိုနာဟာ ရီးရဲလ်အသင်းရဲ့နောက် ၇ မှတ်အကွာမှာ ရပ်တည်နေပြီး ၁ ပွဲကျန်ရှိနေကာ ချန်ပီယံလိဂ်မှာတော့ နာပိုလီအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။