
နာပိုလီနဲ့ သုံးနှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူခဲ့ပြီဖြစ်တဲ့ ကွန်တီ
အန်တိုနီယိုကွန်တီဟာ တော့တင်ဟမ်ကနေ ထွက်ခွာခဲ့တာ ၁၄လကျော်ခဲ့ပြီးနောက် အသင်းသစ်အဖြစ် နာပိုလီအသင်းကို ကိုင်တွယ်ဖို့ သဘောတူခဲ့ပြီဖြစ်ပါတယ်။ အီတလီသားဟာ တော့တင်ဟမ်ကနေ ထွက်ခွာခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေပြီး ဆော်ဒီပရိုလိဂ်က ကမ်းလှမ်းမှုတွေကို ငြင်းပယ်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။
ကွန်တီကို အသင်းဟောင်း ချဲလ်ဆီးကလည်း နည်းပြသစ်အဖြစ် ပြန်လည်ခန့်အပ်ဖု့ိ ချိတ်ဆက်ခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ယခုအချိန်မှာတော့ နာပိုလီအသင်းဟာ ကွန်တီကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ သဘောတူညရခဲ့ပြီဖြစ်ကြောင်း fabrizio romanoက ဖော်ပြခဲ့ပါတယ်။
အင်တာမီလန်အသင်းဟာ ဒီနှစ်ရာသီ စီးရီအေဖလားကို အေစီမီလန်အား ၁၉မှတ်ဖြတ်ပြီး ဆုဖလားဆွတ်ခူးထားခဲ့ပါတယ်။ နာပိုလီအသင်းဟာ ဒီနှစ်ရာသီအတွင်း နည်းပြအပြောင်းလဲတွေ ပြုလုပ်ထားခဲ့ပေမယ့် ရလဒ်တွေဆိုးရွားခဲ့ပြီး ဥရောပဝင်ခွင့်တောင် မရခဲ့ပါဘူး။
ဒါကြောင့်ပဲ နာပိုလီဟာ ရာသီသစ်အတွက် ပြင်ဆင်မှုတွေ စတင်ပြုလုပ်တဲ့အနေနဲ့ စီးရီးအေဖလား ၄ကြိမ်၊ ပရီးမီးယားလိဂ်ဖလား ၁ကြိမ် ဆွတ်ခူးခဲ့ဖူးတဲ့ ကွန်တီကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။