The network connection is lost.

Banner Image

ပြင်သစ်နဲ့ ပေါ်တူဂီတို့ပွဲစဉ်မှာ ဘာစီလိုနာရှိလေ့ကျင့်ရေးအစီစဉ်တွေက သူ့ကို ဘယ်လိုကူညီပေးခဲ့တာလဲဆိုတာ ဖွင့်ဟလိုက်တဲ့ ကွန်ဒီ

ပြင်သစ်အသင်းဟာ သောကြာနေ့ညက ပေါ်တူဂီကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ဘာစီလိုနာကစားသမား ကွန်ဒီဟာ  ပြင်သစ်အတွက် ယခုအချိန်အထိ ဂျာမနီကပြိုင်ပွဲတွေမှာ အကောင်းဆုံးကစားသမားတွေထဲကတစ်ဦး ဖြစ်နေပါတယ်။

ဘယ်လ်ဂျီယံနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ၁၆ သင်းအဆင့်ပွဲမှာ ထိပ်တန်းစွမ်းဆောင်ရည်ကို ပြသခဲ့ပြီး ဒိုကူကို ထိန်းပြသလို သောကြာနေ့မှာလည်း ရာဖေးလ်လီယာအိုကို အကောင်းဆုံးထိန်းချုပ်သွားခဲ့ပါတယ်။အသက် ၂၅ နှစ်အရွယ် နောက်ခံလူဟာ ပင်နယ်တီကန်သွင်းရာမှာ ပေါ်တူဂီဂိုးသမား ဒီယိုဂိုကော်စတာအတွက် အခွင့်အရေးမပေးခဲ့ဘဲ ဂိုးသွင်းယူနိုင်ခဲ့ပါတဘ်။

ပွဲအပြီးမှာတော့ ကွန်ဒီက ဘာစီလိုနာအသင်းနဲ့ လေ့ကျင့်ရေးမှာ ပင်နယ်တီကို လေ့ကျင့်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ဒါကြောင့် ပြင်သစ်နည်းပြ ဒီဒီယာဒက်စ်ချမ့်ကို ကန်သွင်းခွင့်ရရှိရန် တောင်းဆိုခဲ့တာပါ။ဒီပင်နယ်တီဟာ လူငယ်ကစားသမားဘဝကတည်းက ပထမဆုံး ပင်နယ်တီဖြစ်ကြောင်း နောက်ခံလူက အတည်ပြုခဲ့ပြီး ဘာစီလိုနာရှိလေ့ကျင့်ရေးကွင်းအတွင်း သူလုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်မှုကို ကျေးဇူးတင်ကြောင်း ပြောထားပါတယ်။

"ဒါက လူငယ်ကစားသမားဘဝကတည်းက ကျွန်တော်ရဲ့ ပထမဆုံး ပင်နယ်တီပါ""ဘာစီလိုနာရဲ့ လေ့ကျင့်ရေးတွေမှာ ပင်နယ်တီကန်ဖို့ မှန်မှန် ကန်ကန် လေ့ကျင့်ရတာ သဘောကျခဲ့ပါတယ်။ အဲဒါကြောင့် နည်းပြကို ခွင့်တောင်းလိုက်တာပါ" လို့ ကွန်ဒီက ပြောပါတယ်။

ပြင်သစ်အတွက် ညာနောက်ခံလူနေရာမှာ ကစားနေတဲ့ ကွန်ဒီဟာ ယူရိုပြိုင်ပွဲရှိ သူ့ရဲ့နောက်ဆုံးနှစ်ပွဲမှာ ဒိုကူနှင့် လီယာအိုတို့လို အရမ်းကောင်းမွန်တဲ့ တောင်ပံကစားသမားတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ဆီမီးဖိုင်နယ်အဖြစ် စပိန်နဲ့ကစားတဲ့အခါ ဘာစီလိုနာနောက်ခံလူဟာ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်တဲ့ နီကိုဝီလျံနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

 

အက်သလက်တစ်ကလပ်ရဲ့ တောင်ပံကစားသမားနှင့် ရင်ဆိုင်ရမယ့်အလားအလာနှင့်ပတ်သက်ပြီး ကွန်ဒီက မှတ်ချက်ပြုခဲ့ပါတယ်။"ကျွန်တော်ရင်ဆိုင်နေရတဲ့ ကစားသမားကြီးတွေ အများကြီးရှိပါတယ် ဒါကြောင့်ပဲ ကျွန်တော် ဘောလုံးကစားတာပါ။ ပွဲကြီးပွဲကောင်းတွေကို ကျွန်တော် နှစ်သက်ပါတယ်။ သူတို့က ကျွန်တော့်ကို တိုးတက်စေပြီး ပိုကောင်းအောင် ကူညီပေးပါတယ်"

"ဒီကစားသမားတွေနဲ့ ယှဉ်ပြိုင်ကစားရတာကို ကျွန်တော် အမြဲတမ်း စိတ်လှုပ်ရှားနေသလို အမြဲတမ်း စိန်ခေါ်မှုကို ရင်ဆိုင်ဖို့ ကြိုးစားနေပါတယ်" လို့ ကွန်ဒီက ပြောထားပါတယ်။