ကွန်စီကာအိုရဲ့နောက်ကျဂိုးနဲ့အတူ အဖွင့်ပွဲမှာ အနိုင်ရခဲ့တဲ့ ပေါ်တူဂီ
ပေါ်တူဂီ ၂-၁ ချက် (ပွဲပြီးရလဒ်)
ပေါ်တူဂီအသင်းဟာ တစ်ပွဲလုံးလိုလို ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားခဲ့ပေမယ့် အဆုံးသတ်ပေးပို့မှုတွေမှာ အားနည်းချက်များစွာရှိခဲ့ပြီး ချက်ကိုလည်း တန်ပြန်တိုက်စစ်ကနေ ဂိုးပေးခဲ့ရပါတယ်။
ချက်ရဲ့OGဂိုးကြောင့် ချေပဂိုးရခဲ့ပြီးနောက် ဆက်တိုက် တိုက်စစ်ဆင်ကစားရာမှာ လူစားဝင်ကစားသမားနှစ်ဦးဖြစ်တဲ့ နက်တိုနဲ့ ကွန်စီကာအိုတို့ရဲ့ရုန်းအားတို့ကြောင့် အဖိုးတန်အနို်ငသုံးမှန်ကို ရယူသွားနို်ငခဲ့ပါတယ်။