The network connection is lost.

Banner Image

အီဒင်တာဇစ်နှင့် ပြဿနာဖြစ်ပြီးနောက် အသင်းကနေ ထွက်ခွာသွားပြီဖြစ်တဲ့ ကလပ်ဂန္တဝင် မတ်စ်ဟမ်းမဲစ်

ဒေါ့မွန်ဂန္ထဝင်ကစားသမားကြီး မတ်စ်ဟမ်းမဲစ်ဟာ နည်းပြ အီဒင်တာဇစ်နဲ့ ထိပ်တိုက်တွေ့ခဲ့ပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။

တာဇစ်ကိုယ်တိုင်က ကြာသပတေးနေ့မှာ ဒေါ့မွန်ကနေ ထွက်ခွာခဲ့ပြီး အခုချိန်မှာတော့ နောက်ခံလူကလည်း အသင်းကနေ ထွက်သွားခဲ့ပါတယ်။ ၎င်းတို့နှစ်ဦးဟာ ဝင်ဘာလေတွင် ရီးရဲလ်မက်ဒရစ်အား ၂-၀ ဂိုးဖြင့်ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီတွင် ထိပ်တိုက်တွေ့ဆုံမှုတွင် ပါဝင်ခဲ့ကြောင်း ဂျာမနီရှိသတင်းများ အရသိရပါတယ်။

"ဒေါ့မွန်နဲ့ မတ်စ်ဟမ်းမဲစ်တို့ဟာ လမ်းခွဲကြတော့မယ်။ ဂျာမန်နောက်ခံလူဟာ ကလပ်မှာ ၁၃ နှစ်ကျော်ကြာအောင် ကစားခဲ့ပြီး ကလပ်ရှိနေစဉ်အတွင်း ဘွန်ဒက်စ်လီဂါဖလား ၂ ကြိမ်၊ ပိုကယ်ဖလားတို့ကိုရရှိခဲ့ပြီး ကလပ်ရဲ့များပြားတဲ့အောင်မြင်မှုများတွင် ပါဝင်ခဲ့ပါတယ်။ အသင်းနဲ့အတူ အောင်မြင်မှုတွေရယူပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်" လို့ ဆိုရှယ်မီဒီယာမှာ အသင်းရဲ့ ဒုတိယမြောက် ထင်ရှားကျော်ကြားတဲ့ ထွက်ခွာမှုကို အတည်ပြုခဲ့ပါတယ်။

ဖိုင်နယ်အထိ ရောက်ရှိခဲ့ ဦးဆောင်မှုတွင် ဟမ်းမဲစ်ဟာ တာဇစ်ရဲ့ နည်းစနစ်များကို ဝေဖန်ခဲ့ပါတယ်။ "ဒေါ့မွန်ဟာ ကမ္ဘာပေါ်က ဘယ်ပြိုင်ဘက်ကိုမှ ဒီလိုမကစားသင့်ဘူးဆိုတဲ့ သဘောထားကြောင့် ကျွန်တော် ဒေါသထွက်ခဲ့ပါတယ်" "ဒီလိုမျိုး ဆက်သွားနိုင်မယ်လို့ မထင်မိပါဘူး။ အဲဒီဝတ်စုံနဲ့ ကွင်းထဲမှာ ရပ်တည်ခွင့်ရတဲ့အတွက် ဂုဏ်ယူမှုကိုစော်ကားခံလိုက်ရပါတယ်။ ကစားနည်းစနစ်ကလည်း အရမ်းညံ့ဖျင်းလွန်းပါတယ်။ စတုဂတ်ပွဲနှစ်ပွဲနဲ့ လေဗာကူဆင်နဲ့ အဝေးကွင်းပွဲမှာ ဆိုးရွားခဲ့ပါတယ်။ ဂိုးဧရိယာထဲမှာ လူ ၁၁ ယောက်နဲ့ တားထားသလိုဖြစ်နေပါတယ်"လို့ ပြီးခဲ့တဲ့လက ပြောကြားခဲ့သည်။

အဆိုပါမှတ်ချက်များကြောင့် ဝင်ဘာလေတွင်ကစားမယ့်ပွဲမတိုင်မီ ရက်ပိုင်းအလိုတွင် ၎င်းတို့နှစ်ဦးဟာ ပြဿနာများတက်ခဲ့ကြပြီး အဆိုပါမှတ်ချက်များဟာ တာဇစ်ကို ဒေါသထွက်စေခဲ့ကြောင်း သိရပါတယ်။ တာဇစ်သာ ရာထူးမှနှုတ်ထွက်ပါက ဟမ်းမဲလ်ဟာ စာချုပ်သစ် ချုပ်ဆိုနိုင်မယ်လို့ အကြံပြုထားပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ သူ့ရဲ့နောက်ထပ်ကလပ်အတွက် စောင့်ကြည့်ရတော့မှာပါ။

သူဟာ ဒီရာသီ ဒေါ့မွန်ရဲ့ ချန်ပီယံလိဂ်လမ်းကြောင်းတွင် အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ယူရို ၂၀၂၄ အတွက် နာဂယ်စ်မန်းရဲ့ ဂျာမနီအသင်းမှာ မပါဝင်ခဲ့ပါဘူး။