ခံစစ်မှူးပြဿနာကြောင့် ပဲလေ့စ်ထံကနေ ချာလိုဘတ်ကို ပြန်လည်ခေါ်ယူလိုက်တဲ့ ချဲလ်ဆီး
သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ ခံစစ်ပိုင်းပြဿနာကြောင့် ချာလိုဘတ်ကို ပဲလေ့စ်အသင်းထံကနေ အငှားချထားတာကို ပြန်လည်ခေါ်ယူလိုက်တယ်လို့ သိရပါတယ်။ အဆိုပါဆုံးဖြတ်ချက်ကို အင်္ဂါနေ့ညက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပဲလေ့စ်အသင်း လက်စတာနဲ့မရင်ဆိုင်ခင်မှာ အသုံးချခဲ့တာဖြစ်ပါတယ်။
ပဲလေ့စ်ဘက်က ဖိုဖာနာ နဲ့ ဘာဒိုင်းရှီလီတို့ဒဏ်ရာရရှိခဲ့ပြီးနောက် ချာလိုဘတ်ကို ဆုံးရှုံးမယ့်အနေအထားကို ထိတ်လန့်ခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ ချာလိုဘတ်တစ်ယောက် ချဲလ်ဆီးအသင်းထံပြန်လာခဲ့ပြီဖြစ်ကာ ယခင်ပဲလေ့စ်မှာတုန်းက အဓိကကစားသမားတစ်ဦးအဖြစ် စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီး ၁၂ ပွဲအထိ ပါဝင်ခွင့်ရခဲ့ပါတယ်။
ချဲလ်ဆီးအသင်းနည်းပြ မာရက်စ်ကာကလည်း ခံစစ်ပိုင်းအတွက် ချာလိုဘတ်ကို ပြန်လည်ခေါ်ယူပြီး အသုံးချဖို့ ပြင်ဆင်နေပါတယ်။ အသက် ၂၅ နှစ်သားကတော့ အခုလထဲမှာ အသင်းထံပြန်မလာချင်သေးပဲ လာမယ့်လမှာ ဘာဒိုင်းရှီလီပြန်လာမယ့်အနေအထားမှာ ပွဲထွက်ခွင့်သိပ်မရမှာကို စိုးရိမ်နေပါတယ်။ မနေ့တုန်းက သတင်းစာရှင်းပွဲမှာ ဂလက်စ်နာက ချာလိုဘတ်အခြေအနေနဲ့ပတ်သက်ပြီး “အဲ့တာက လှည့်ဖျားမှုရှိတဲ့အခြေအနေပါ။ကျွန်တော်တို့ အမြဲတမ်းရိုးသားချင်ခဲ့ပါတယ်။ ချဲလ်ဆီးဘက်က သူ့ကိုပြန်လည်ခေါ်ယူခွင့်ရှိနေပါတယ်။
လက်ရှိအချိန်မှာတော့ မသေချာသေးပါဘူး။ သူတို့လုပ်နိုင်ချေရှိပါတယ်။ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းဖြစ်ချင်ပါတယ်။ သူလည်း ရှင်းလင်းဖို့ လိုအပ်ပါတယ်။ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပြီး လာမယ့်လက်စတာနဲ့ပွဲမှာ ပါဝင်နိုင်မလားဆိုတာ သိရပါတယ်။ သူကလည်း ဒီမှာဆက်နေချင်ပါတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်ကို ချဲလ်ဆီးဘက်က လုပ်ရမှာပါ။ ကျွန်တော်တို့က ခရီးသည်တွေပါ။ ဒီလေယာဉ်မှာ လေယာဉ်မှူးတွေမဟုတ်ပါဘူး။
ချာလိုဘတ်ကိုတော့ ဒီမှာဆက်နေချင်ပါတယ်။ ချဲလ်ဆီးကလည်း သူ့ကိုတိုးတက်စေချင်လို့ အငှားချထားတာပါ။ သူ့အလုပ်ကဒီမှာမပြီးသေးဘူးထင်ပါတယ်။ ကျွန်တော်တို့ ၁ နှစ်အငှားခေါ်ထားတာပါ။ ဒါပေမယ့် ဆက်လက်စောင့်ကြည့်ရပါဦးမယ်”လို့ ဂလက်စ်နာကပြောကြားခဲ့ပါတယ်။