The network connection is lost.

Banner Image

ဘီလ်ဘာအို တောင်ပံကစားသမားကို အာဆင်နယ်နဲ့ အပြိုင် ချဉ်းကပ်မှုတွေပြုလုပ်လာတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ ပေါင် ၄၃ သန်းတန် ဘီလ်ဘာအိုအသင်းရဲ့တောင်ပံကစားသမား နီကိုဝီလီယံကို အာဆင်နယ်နဲ့အပြိုင်ပစ်မှတ်ထားလာခဲ့ပြီး ချဉ်းကပ်မှုတွေပြုလုပ်လာခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဗဟိုတိုက်စစ်မှူးနေရာအတွက် ကစားသမားအချို့ကိုလည်း ပစ်မှတ်ထားနေပြီး မကြာသေးမီက ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုးနေးကို ဆန်ခါတင်စာရင်းထဲမှာ ထည့်ထားပေးမယ့် ဘရန့်ဖို့ဒ်က သူတို့ရဲ့ကစားသမားအတွက် ပေါင်သန်း ၁၀၀ အထိတန်ကြေးသတ်မှတ်ထားတာဖြစ်ပါတယ်။

စာချုပ်ဖျက်သိမ်းကြေးအတွက် ပေါင် ၄၃ သန်းအထိသတ်မှတ်ထားတဲ့ အသက်-၂၁ နှစ်အရွယ် ဝီလီယံဟာ လက်ရှိဘီလ်ဘာအိုလ်မှာ တပတ်လုပ်ခ ပေါင် ၁ သိန်းဝန်းကျင်အထိ ရရှိနေတာဖြစ်ပါတယ်။ သို့သော်လည်း လူငယ်ကစားသမားအနေနဲ့ ချဲလ်ဆီးရဲ့ လူငယ်ကစားသမားတွေကို ကာလရှည်စာချုပ် ချုပ်ဆိုပြီး လစာ မြင့်မြင့်မားမားပေးထားတဲ့ အစီအစဉ်တွေကြောင့် စတန်းဖို့ဒ်ဘရစ်ချ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားဖွယ်ရှိနေပါတယ်။

ဝီလီယံဟာ တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်တဲ့ ကစားသမားမျိုးဖြစ်ပြီး ဒီရာသီမှာ ဘီလ်ဘာအိုအတွက် ၆ ဂိုးသွင်းယူထားနိုင်ပါတယ်။ သို့သော် ချဲလ်ဆီးအနေနဲ့ နွေရာသီမှာ ကစားသမားသစ်ဝယ်ယူဖို့ဆိုရင် လက်ရှိ အသင်းရဲ့ကစားသမားတွေထဲက အချို့ကို ရောင်းချရဖွယ်ရှိနေပါတယ်။

ချဲလ်ဆီးအသင်းဟာ တောင်ပံကစားသမားတွေအဖြစ် မူဒရစ်၊ စတာလင်၊ မာဒူကီတို့ကို ပိုင်ဆိုင်ထားပြီး တိုက်စစ်မှူးဖြစ်တဲ့ အန်ကွန်ကူကိုလည်း တောင်ပံနေရာမှာထားပြီး ကစားစေခဲ့တာဖြစ်ပါတယ်။ ဝီလီယမ်စ်ကို အာဆင်နယ်အသင်းကလည်း စိတ်ဝင်စားနေတဲ့အပြင် လီဗာပူးကလည်း ဂတ်ပို၊ ဂျိုတာတို့နဲ့ တွဲဖက်ပေးနိုင်ဖို့အတွက် ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ ဗဟိုတိုက်စစ်မှူးအဖြစ် အိုင်ဗန်တိုနေးကိုသာမက နာပိုလီကြယ်ပွင့် ဗစ်တာအိုဆီမင်ကိုပါ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။