
ပီအက်စ်ဂျီ နဲ့ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲကို စစ်တုရင်ကစားပွဲတစ်ပွဲအဖြစ် ခိုင်းနှိုင်းခဲ့တဲ့ မာရက်စ်ကာ
ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက ပီအက်စ်ဂျီအသင်းနဲ့ ကစားရမယ့် ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲကို "စစ်တုရင်ကစားပွဲ" တစ်ခုလို နှိုင်းယှဉ်ပြောကြားခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးအသင်းလို့သတ်မှတ်ထားတဲ့ ပြိုင်ဘက်ကို အနိုင်ယူဖို့အတွက် ဗျူဟာကျကျကစားဖို့လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
နယူးဂျာစီပြည်နယ်၊ အရှေ့ရူသာဖို့ဒ်မှာကျင်းပမယ့် ဒီဗိုလ်လုပွဲမှာ ပီအက်စ်ဂျီအသင်းက ပြည်တွင်းဖလားသုံးလုံးစလုံးကို ရရှိထားတဲ့အပြင် ချန်ပီယံလိဂ်ဖိုင်နယ်မှာ အင်တာမီလန်အသင်းကို ၅-၀ ဂိုးနဲ့အနိုင်ရရှိထားတာကြောင့် ယုံကြည်မှု အားသာချက်ရရှိထားပါတယ်။
မာရက်စ်ကာက အသင်းအနေနဲ့ အနိုင်ရရှိဖို့ မျှော်လင့်ထားပြီး ခြေချင်းဝတ်ဒဏ်ရာကြောင့် လေ့ကျင့်ခန်းတွေပြန်လည်စတင်နိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမား ကိုင်စီဒိုပါဝင်လာနိုင်တာကြောင့် အထူးသဖြင့် ယုံကြည်မှုအပြည့်ရှိနေပါတယ်။
မာရက်စ်ကာက "ဘောလုံးပွဲဆိုတာ စစ်တုရင်ကစားပွဲလိုပါပဲ၊ ပြိုင်ဘက်ကခြေလှမ်းတစ်လှမ်းလှမ်းလာရင် သင်က ပြန်လည်တုံ့ပြန်ရမှာဖြစ်ပါတယ်။ ဒီပွဲကလည်း စစ်တုရင်ကစားပွဲတစ်ခုလိုဖြစ်လာမယ်လို့ ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းက အကောင်းဆုံးအသင်းတစ်သင်းဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုထားပေမဲ့ မာရက်စကာက ပွဲတိုင်းဟာထူးခြားပြီး ချဲလ်ဆီးအသင်းအနေနဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ပြသဖို့ အသင့်ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။